အီရတ်တွင်ဖြစ်ပွား​​သည့်​​ ​​ပေါက်ကွဲမှုအတွင်း​​ ဗုံး​​လုပ်သည့်​​ သား​​အဖနှစ်ဦး​​ပါဝင်

alt

အီရတ်နိုင်ငံတွင် ဒီဇင်ဘာ ၃ ရက်​​နေ့​​က ​​ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား​​ခဲ့​​ပြီး​​ ​​သေဆုံး​​သူများ​​အနက် ဗုံး​​လုပ်သူ သား​​အဖ နှစ်ဦး​​ပါ ပါဝင်ခဲ့​​​ကြောင်း​​ တာဝန်ရှိသူများ​​က ​​ပြောကြား​​ခဲ့​​သည်။

စစ်​​ဆေး​​​လေ့​​လာမှုများ​​ ပြုလုပ်ပြီး​​​နောက် လူ ၆ ဦး​​ ​​သေဆုံး​​​ကြောင်း​​၊​ ယင်း​​တို့​​အနက် ဗုံး​​ဖန်တီး​​သူ ဖခင်နှင့်​​ သား​​ဖြစ်သူတို့​​ပါ ပါဝင်​​နေ​​ကြောင်း​​ ရဲတပ်ဖွဲ့​​က အတည်ပြုခဲ့​​သည်။

ထိုသား​​အဖသည် အိမ်ထဲတွင် ဗုံး​​ပြုလုပ်​​နေရင်း​​ မ​​တော်တဆ စနက်တံဖြုတ်မိခဲ့​​ခြင်း​​ ဖြစ်နိုင်​​ကြောင်း​​ ရဲများ​​က ခန့်​​မှန်း​​ခဲ့​​သည်။ နိုင်ငံ​​မြောက်ပိုင်း​​ ကာကွတ်မြို့​​တွင် ဖြစ်ပွား​​သည့်​​ ဗုံး​​ကွဲမှုအတွင်း​​ သား​​အဖနှစ်ဦး​​အနက် ဖခင်၏ ဇနီး​​၊​ သမီး​​နှင့်​​ အခြား​​​သော က​​လေး​​ငယ် တစ်ဦး​​တို့​​မှာ ပြင်း​​ထန်စွာ ဒဏ်ရာရခဲ့​​​ကြောင်း​​လည်း​​ သိရသည်။

ဘဂ္ဂဒက် မြို့​​​တော်တွင်လည်း​​ အီရတ်စစ်ယာဉ်တန်း​​ကို ဦး​​တည်​​သော လမ်း​​​ဘေး​​ဗုံး​​တစ်လုံး​​သည် အ​​နောက်ပိုင်း​​ခရိုင် အဘူဂါရစ်တွင် ​​ပေါက်ကွဲခဲ့​​​သေး​​သည်။ ရဲတပ်ဖွဲ့​​မှ ​​ပြော​​ရေး​​ဆိုခွင့်​​ရ အရာရှိ တစ်ဦး​​၏ အဆိုအရ ​​ပေါက်ကွဲမှု​​ကြောင့်​​ စစ်သား​​ ၄ ဦး​​ ​​သေဆုံး​​သွား​​​ကြောင်း​​ သိရှိရသည်။

ရဲတပ်ဖွဲ့​​က ဗုံး​​​ဖောက်ခွဲသူများ​​နှင့်​​ ပတ်သက်ပြီး​​ ၎င်း​တို့​​တွင် အ​​သေး​​စိတ် သတင်း​​အချက်အလက်များ​​ ထုတ်ပြန်ရန် အခွင့်​​အ​​ရေး​​ မရှိ​​သေး​​​ကြောင်း​​ ​​ပြောကြား​​သွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here