လိင်နှင့်​​ ချစ်မှု​​ရေး​​ရာ ဒီပလိုမာလက်မှတ်​​ပေး​​သည့်​​ ကမ္ဘာ့​​ပထမဆုံး​​​ကျောင်း​​

alt

တက္ကသိုလ် ဘာသာရပ်များ​​တွင် အထူး​​ပြုနယ်ပယ် အသီး​​သီး​​ ရှိ​​သော်လည်း​​ ဩစတြီး​​ယား​​ရှိ ​​ကျောင်း​​တစ်ခုမှ ပို့​​ချ​​သော ဒီပလိုမာ သင်တန်း​​မှာ အတန်ငယ် ထူး​​ခြား​​လျက်ရှိသည်။

ဗီယင်နာမြို့​​တွင် ဖွင့်​​လှစ်​​သော လိင်သင်တန်း​​​ကျောင်း​​သည် ​​ကျောင်း​​သူ ​​ကျောင်း​​သား​​များ​​အား​​ ချစ်မှု​​ရေး​​ရာနှင့်​​ ပတ်သက်၍ မည်သို့​​မည်ပုံ တတ်ကျွမ်း​​ရမည်ကို အထူး​​ပြု သင်ကြား​​​ပေး​​မည်ဖြစ်သည်။

အဆိုပါ ​​ ကျောင်း​​သည် ကမ္ဘာ​​ပေါ်တွင် လိင်နှင့်​​ ချစ်မှု​​ရေး​​ရာ ဆွဲ​​ဆောင်မှုကို ဒီပလိုမာ​​ပေး​​ကာ သင်ကြား​​​ပေး​​သည့်​​ ကမ္ဘာ့​​ပထမဆုံး​​​ကျောင်း​​လည်း​​ ဖြစ်လာသည်။ နိုင်ငံတကာ လိင်သင်တန်း​​​ကျောင်း​​ဟု အမည်​​ပေး​​ထား​​​သော ​​ကျောင်း​​၏ ​​ကျောင်း​​အုပ် ဆရာမကြီး​​က အသက် ၁၆ နှစ်အထက် မည်သူမဆို အဆိုပါ​​ကျောင်း​​သို့​​ တက်​​ရောက် သင်ကြား​​ရန် ​​လျှောက်ထား​​နိုင်​​ကြောင်း​​ ​​ပြောကြား​​ခဲ့​​သည်။

စာသင်နှစ် တစ်နှစ်အတွက် ကုန်ကျစရိတ်သည် ​​ပေါင်စတာလင် ၁၄၀၀ မျှ ရှိမည်ဖြစ်သည်။ ​​ကျောင်း​​သူ ​​ကျောင်း​​သား​​များ​​သည် အ​​ဆောင်များ​​တွင် သီး​​သန့်​​ ​​ရော​​နှော​​နေပြီး​​ ၎င်း​တို့​​၏ အိမ်စာများ​​ကို လက်​​တွေ့​​ ပြုလုပ်ရမည်ဖြစ်သည်။ ​​ကျောင်း​​အုပ်ဆရာမကြီး​​က သူမတို့​​၏​​ကျောင်း​​သည် သီအိုရီပိုင်း​​ထက် လက်​​တွေ့​​ကို အလွန်ဦး​​စား​​​ပေး​​​ကြောင်း​​၊​ ပညာ​​ရေး​​၏ ရည်ရွယ်ချက်မှာ လိင်ပိုင်း​​ဆိုင်ရာ ဆွဲ​​ဆောင်သိမ်း​​သွင်း​​မှု ပိုမိုမြင့်​​မား​​သည့်​​ ချစ်သူ​​ကောင်း​​များ​​ ဖြစ်လာ​​စေရန်သာဖြစ်​​ကြောင်း​​ ​​ပြောကြား​​သွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here