စွန့်​ပစ်ရမည့်​ အ​တွေး​အ​ခေါ်ဆိုး​များ​

အငြင်း​ပွား​ဖွယ်ရာ ​ရွေး​​ကောက်ပွဲက​နေ သမ္မတဖြစ်လာတဲ့​ ဦး​သိန်း​စိန် နဲ့​ လူထု​ခေါင်း​​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် တို့​ရဲ့​ ​တွေ့​ဆုံ​ဆွေး​​နွေး

​ အ​ဖြေရှာခြင်း​က ထွက်​ပေါ်လာတဲ့​ ​ပြောင်း​လဲခြင်း​များ​ဟာမြန်မာပြည်သူပြည်သား​တို့​ရဲ့​ ဒီမိုက​ရေစီ အိမ်မက်ကို အသစ်တစ်ဖန် ​မွေး​ဖွား​လာ​စေခဲ့​တယ်။

အရှိန်အဟုန်နဲ့​ စီး​ဆင်း​​နေတဲ့​ ကမ္ဘာ့​ဒီမိုက​ရေစီ ​ရေစီး​​ကြောင်း​အတွင်း​ လိုက်ပါကူး​ခပ်နိုင်ဖို့​ ​မြောက်များ​စွာ​သော အ​ပြောင်း​အလဲများ​လုပ်ရန် လိုအပ်​နေ​သေး​တယ်။ အ​ပြောင်း​လဲ​တွေဟာ စစ်မှန်ဖို့​ လိုသလို ၊ ​နောက်ပြန်လှည့်​မသွား​ဘို့​လဲ အ​ရေး​ကြီး​ပါတယ်။ အဲ့​ဒီအထဲမှာ တရား​ဥပ​ဒေ စိုး​မိုး​​ရေး​နဲ့​ ပြည်တွင်း​စစ်ရပ်​ရေး​ဟာ အ​ရေး​တကြီး​ အလိုအပ်ဆုံး​ ၊ အ​ပြောင်း​လဲ တရား​​တွေလို့​ ​ဒေါ်​အောင်း​ဆန်း​စုကြည် ကလဲ ​ပြောထား​ပါတယ်။

တချို့​အ​ပြောင်း​အလဲ​တွေဟာ ချက်ခြင်း​လတ်တ​လော ​ပြောင်း​လဲလို့​ရနိုင်သလို ၊ တချို့​အ​ပြောင်း​လဲ​တွေ က​တော့​ အခုချိန်ကစထား​လို့​ ​ရေရှည်ရည်မှန်း​ချက်ထား​ပြီး​ ၊ ​ပြောင်း​လဲရမှာ​တွေ ရှိပါတယ်။ အခု ဒီ​ဆောင်း​ပါး​မှာ ​ရေး​ပြချင်တာက​တော့​ ​ရေရှည်ရည်မှန်း​ချက်ထား​ပြီး​ လုပ်​ဆောင်ရမယ့်​ အ​တွေး​အ​ခေါ် ​ပြောင်း​လဲ​ရေး​အ​ကြောင်း​ပါပဲ။

လက်ရှိအစိုး​ရအဖွဲ့​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ဦး​​ဆောင်တဲ့​ ဒီမိုက​ရေစီ အင်အား​စု​တွေဟာ အတူတကွ ပူး​တွဲပြီး​ ပြည်သူလူထုကြီး​တရပ်လုံး​ရဲ့​ အကျိုး​စီး​ပွား​ ​ဖော်​ဆောင်မဲ့​ ဒီမိုက​ရေစီ အုပ်ချုပ်​ရေး​စနစ်ကို ထူ​ထောင်ကြမယ်ဆိုရင် Virsion (အမြင်) တူကြဖို့​ အလွန်အ​ရေး​ကြီး​ပါတယ်။ ရည်မှန်း​ချက်တခုစီကို တူညီတဲ့​အမြင် (Virsion)နဲ့​ သွား​နိုင်ဖို့​ရာ Idealogy (အ​တွေး​အ​ခေါ်) နဲ့​ Mind Set (စိတ်​နေစိတ်ထား​)​တွေ ဆန့်​ကျင်ဘက်ဖြစ်လို့​ မရပါဘူး​။

​အောက်မှာ​ရေး​ပြမဲ့​ အ​တွေး​အ​ခေါ်နဲ့​ အယူဆများ​ဟာ လူများ​စုအကျိုး​စီး​ပွား​ကို မ​ဖော်​ဆောင်ဘဲ ၊ လူနည်း​စု စစ်အာဏာရှင်​တွေရဲ့​ အကျိုး​စီး​ပွား​ကို ကာကွယ်​စောင့်​​ရှောက်တတ်တဲ့​ သ​ဘောရှိပြီး​ ဗမာပြည်သူပြည်သား​ ​တွေအ​ပေါ် နှစ်​ပေါင်း​ ၅၀ နီး​ပါး​ လွမ်း​မိုး​အဆိပ်သင့်​​စေခဲ့​ပါတယ်။ အထူး​သဖြင့်​ စစ်တပ်နဲ့​ အုပ်ချုပ်သူ​တွေ ၊ ကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​​ရေး​ပါတီ ၊ သူတို့​ကိုမှီပြီး​ စီး​ပွား​ဖြစ်​နေကြသူ​တွေရဲ့​ ဦး​​နှောက်နဲ့​ နှလုံး​သား​​တွေအ​ပေါ်မှာ အမြစ်တွယ်​နေခဲ့​တာ ခုချိန်ထိပါဘဲ။ စစ်အစိုး​ရလက်ထက်က ရည်ရွယ်ချက်ရှိရှိနဲ့​ ဖြန့်​ချီခဲ့​တဲ့​ အဲ့​ဒီ အ​တွေး​အ​ခေါ်​တွေကို ဗမာပြည်သူ​တွေဟာ ​နေ့​စဉ် သတင်း​စာ ၊ ​ရေဒီယို ၊ တီဗွီ ၊ စာအုပ်မဂ္ဂဇင်း​ ​တွေကစလို့​ သီချင်း​ ၊ ဗွီဒီယို ဇာတ်လမ်း​အဆုံး​ ၊ လမ်း​​ဘေး​ဝဲယာမှာတင်ထား​တဲ့​ ဆိုင်း​ဘုတ်​တွေကတဆင့်​ Auto Suggestion (အလိုအ​လျောက် မသိစိတ်မှာ စိုး​မိုး​လက်ခံရမှု) ​တွေဖြစ်သွား​ခဲ့​ရတာ မဟုတ်လား​။

လူ​တွေကို တက်တက်စင်လွဲမှား​​အောင် လမ်း​မှား​ပို့​​ဆောင်တတ်တဲ့​ ​အောက်ပါ အ​တွေး​အ​ခေါ်ဆိုး​များ​ကို ကျွန်​တော်တို့​အား​လုံး​ ရဲရဲရင့်​ရင့်​ ဆန့်​ကျင်ကြရမယ် ၊ စွန့်​ပစ်ကြဖို့​ လိုပါတယ်။

  • (၁) နိုင်ငံ​တော်အာဏာ၏ ပိုင်ရှင်အစစ်အမှန်ဖြစ်​သော ပြည်သူလူထုကြီး​ကို အုပ်ချုပ်ခံအဖြစ် မှတ်ယူ​သော အယူအဆ။
  • (၂) အာဏာသည် ​သေနတ်​ပြောင်း​၀၌ တည်သည်ဆို​သော အယူအဆ။
  • (၃) တပ်မ​တော်သာလျှင် အမိ ၊ တပ်မ​တော်သာလျှင် အဖ ဟူ​သောအယူအဆ။
  • (၄) ပညာရှင် ပညာတတ်များ​ကို မယုံကြည်ရ ၊ ​နေရာမ​ပေး​ရ ဟူ​သော အယူအဆ။
  • (၅) ​ရေဘူး​​ပေါက်တာမလို ၊ ​ရေပါတာဘဲလိုသည် ဟူ​သော အယူအဆ။
  • (၆) စစ်တပ်ကသာ တိုင်း​ပြည်ကို ကာကွယ်​စောင့်​​ရှောက်ထား​ရသည် ဟူ​သော အယူအဆ။
  • (၇) စစ်တပ်ကသာ တိုင်း​ပြည်အုပ်ချုပ်​ရေး​ကို တာဝန်ယူထိုက်သည် ဟူ​သော အယူအဆ။

(၁) ပြည်သူကို အုပ်ချုပ်ခံအဖြစ် မှတ်ယူ​သော အယူအဆ

ဒီအယူအဆဟာ မင်း​စိတ်စိုး​စိတ်​ပေါက်ပြီး​ ၊ အာဏာရှင်ရဲ့​ ပိုင်ရှင်အမှန်ကို အသိအမှတ်မပြုတဲ့​ အယူအဆဖြစ်တယ်။ ဒီမိုက​ရေစီစနစ်နဲ့​ ​ဖြောင့်​​ဖြောင့်​ကြီး​ ဆန့်​ကျင်​နေတာမို့​ ၊ ဒီအယူအဆကို လုံး​၀စွန့်​ပြစ်ဖို့​လိုတယ်။ ဒီမိုက​ရေစီနည်း​အရ ​ရွေး​ချယ်တင်​မြှောက်ခံရတဲ့​ အစိုး​ရတရပ်ဟာ ၊ ပြည်သူ့​ကိုယ်စား​ အုပ်ချုပ်ခွင့်​ရတဲ့​ ယာယီအခစား​ ၊ အ​စေပါး​ အဖွဲ့​အစည်း​ ဖြစ်တယ်ဆိုတာ ရှင်း​ရှင်း​လင်း​လင်း​ မြင်နိုင်ရမယ်။အရင်စစ်အစိုး​ရလက်ထက် ၊ ဦး​သိန်း​စိန် ဝန်ကြီး​ချုပ် ဘဝမှာ နာဂစ်မုန်တိုင်း​​ဘေး​ဒုက္ခသည်​တွေ သွား​ကြည့်​တုံး​ကလို ပြည်သူ​တွေကို ကြမ်း​ပြင်​ပေါ် ​ဆောင့်​​ကြောင့်​ထိုင်ခိုင်း​ပြီး​ ရွံ့​မ​ပေ ၊ ဗွက်မလူး​တဲ့​ ​ပြောင်လက်​နေတဲ့​ စစ်ဖိနပ်​တွေစီး​ ၊ လိုအပ်သည်များ​ကို မိန့်​ကြား​သွား​တယ်ဆိုတာမျိုး​ ဒီမိုက​ရေစီ​ခေတ်မှာ လုပ်လို့​မသင့်​​လျော်ပါဘူး​။ Mind Set ​တွေ​ပြောင်း​ရမယ်။ အ​တွေး​အ​ခေါ်သစ်​တွေနဲ့​ သွား​ရမယ်။

(၂) အာဏာသည်​သေနတ်​ပြောင်း​၀၌ တည်သည်ဟူ​သော အယူအဆ

ဒီအယူအဆဟာ ​တော်​တော်အန္တရာယ်ကြီး​တယ်။ ​သွေး​ညှီနံ့​ပါတဲ့​ အယူအဆဖြစ်တယ်။လက်နက်နဲ့​ ဗိုလ်ကျမယ်ဆိုတဲ့​ သ​ဘောဘဲ။ အဲ့​ဒါနဲ့​ ဆန့်​ကျင်ဘက် အယူအဆက အာဏာသည် ပြည်သူ့​သ​ဘောထား​​ပေါ် မူတည်သည်ဆိုတဲ့​ အယူအဆဘဲ။ ဒီမိုက​ရေစီစနစ်မှာ စစ်တပ်က အာဏာသိမ်း​ခွင့်​မရှိ​အောင် ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေမှာ ပြဋ္ဌာန်း​ကာကွယ် ထား​ရမယ်။

(၃) တပ်မ​တော်သာအမိ ၊ တပ်မ​တော်သာလျင် အဖ ဟူ​သော အယူအဆ

ဒီအယူအဆဟာ တပ်မ​တော်သား​​တွေနဲ့​ မိဘပြည်သူ​တွေကို စည်း​ခြား​လိုက်တဲ့​ အယူအဆဖြစ်တယ်။ အရာရာရဲ့​ အထက်မှာ တပ်မ​တော်ကိုသာ ထား​ရမယ် သစ္စာ​စောင့်​သိရမဲ့​ သ​ဘောဘဲ။ ဒါ​ပေမယ့်​ အဲ့​ဒီတပ်မ​တော်ဟာ စစ်အာဏာရှင်ရဲ့​ လက်ပါး​​စေဖြစ်လာတဲ့​အခါ ၊ အဖိနှိပ်ခံပြည်သူရဲ့​ ချဉ်ဖတ်ရန်သူ ဖြစ်လာ​တော့​တာ​ပေါ့​။ ဒီအယူအဆရဲ့​ ဆန့်​ကျင်ဖက်က​တော့​ ပြည်သူသာ အမိ ၊ ပြည်သူသာလျှင် အဖ ဆိုတဲ့​ အယူအဆဘဲ။ အရာရာမှာ ပြည်သူလူထု အကျိုး​စီး​ပွား​ကို ဦး​ထိပ်ထား​မှသာ ဒီမိုက​ရေစီစနစ်နဲ့​ ကိုက်ညီမှာပါ။

(၄) ပညာရှင် ပညာတတ်များ​ကို မယုံကြည်ရ ၊ ​နေရာမ​ပေး​ရ ဟူ​သော အယူအဆ

ဒီအယူအဆဟာ တိုင်း​ပြည်တခု ဖွံ့​ဖြိုး​တိုး​တက်​ရေး​ကို တား​ဆီး​ပိတ်ပင်တဲ့​ အယူအဆ ဖြစ်တယ်။ နည်း​ပညာ ၊ အတတ်ပညာ​တွေနဲ့​ ​ပေါက်ကွဲတိုး​တက်​နေတဲ့​ ​ခေတ်ကြီး​မှာ ပညာရှင်ပညာတတ်​တွေကို ​နေရာမ​ပေး​လို့​ရှိရင် ​သေချာ​ပေါက် ​နောက်မှာကျန်ခဲ့​မှာဘဲ။ ကိုယ့်​ထက်သာရင် ၊ ​တော်ရင် လမ်း​ဖွင့်​​ပေး​လိုက်​ပေါ့​။ ​ရှေ့​ကို တက်သွား​ပါ​စေ။ လမ်း​ပိတ်မထား​ပါနဲ့​။ ပညာတတ်​တွေ မအုပ်ချုပ်ဘဲ ၊ နဗလိန်း​တုံး​က အုပ်ချုပ်ရင် အခုလိုဘဲ နဗလိန်း​တုံး​ အဆင့်​အတန်း​မျိုး​ ရ​နေမှာဘဲ။

(၅) ​ရေဘူး​​ပေါက်တာမလိုဘူး​ ၊ ​ရေပါတာဘဲလိုတယ် ဆိုတဲ့​ အယူအဆ

ဒီအယူအဆက တ​သွေး​ ၊ တသံ ၊ တမိန့်​ဆိုတဲ့​ အယူအဆဘဲ။ မှား​တာမှန်တာ မ​ဝေဘန်နဲ့​ ၊ မဆန်း​စစ်နဲ့​ ၊ အမိန့်​ဆို နာခံရမယ် ဆိုတဲ့​ သ​ဘောဘဲ။ ဒီအယူအဆနဲ့​ဘဲ လူထုအုံကြွမှုတိုင်း​ကို ​သေနတ်သုံး​ပြီး​ နှိမ်နင်း​ခဲ့​တာ မဟုတ်လား​။ ​သွေး​ခြင်း​သား​ခြင်း​ ညီအစ်ကို​တွေ ၊ အပြစ်မဲ့​ပြည်သူ​တွေ ၊ ဘုရား​သား​​တော် သံဃာ​တွေသာမက လိုအပ်လာရင် မိရင်း​ဖရင်း​​တောင် ပြန်သတ်နိုင်​အောင် ဒီအယူအဆက အသိဉာဏ် အ​မှောင်ဖုံး​​စေတယ်​လေ။ အဲ့​ဒါရဲ့​ ဆန့်​ကျင်ဘက် အယူအဆက အများ​ပြည်သူအလိုမတူဘဲ မတရား​တဲ့​ အမိန့်​အာဏာဟူသမျှ ဆန့်​ကျင်ကြဆိုတဲ့​ အယူအဆဘဲ။ ဆန့်​ကျင်ကြဆိုတဲ့​​နေရာမှာ ​မေး​ခွန်း​​တွေ ပြန်ထုတ်ရဲရမယ် ၊ အမှား​နဲ့​ အမှန် ပိုင်း​ခြား​​ဝေဘန်ရဲရမယ် ၊ မှား​တာဆိုရင် လိုက်နာဖို့​မလိုဘူး​ ၊ မှန်ရင် လက်ခံနိုင်ရမယ်။

(၆) အမြင်မတူသူတို့​ကို မိမိအား​ ဆန့်​ကျင်သူဟု သတ်မှတ်၍ အမြစ်ဖြစ်​ချေမှုန်း​​ရေး​ အယူအဆ

ဒီအယူအဆဟာ လွတ်လပ်စွာ ​တွေး​​ခေါ်ခွင့်​ကို သင်း​သတ်ပစ်တဲ့​ အယူအဆဖြစ်တယ်။ တနည်း​အား​ဖြင့်​ ​ပြောရရင် တခြား​သူ​တွေရဲ့​ အမြင်ဆန္ဒ မှန်သမျှကို ဆန့်​ကျင်ပြီး​ ကိုယ်ထင်ရာစိုင်း​မဲ့​ အာဏာရှင်အယူအဆ ဖြစ်တယ်။ ဒီအယူအဆနဲ့​ ဆန့်​ကျင်ဘက်က မတူတဲ့​ အမြင်​တွေရဲ့​ အား​ကိုယူပြီး​ အများ​ဆန္ဒနဲ့​ ​ရွေး​ချယ်ဆုံး​ဖြတ် လုပ်ကိုင်ခြင်း​ဘဲ ဖြစ်တယ်။

(၇) စစ်တပ်ကသာ တိုင်း​ပြည်ကို ကာကွယ်​စောင့်​​ရှောက်ထား​ရမည်ဟူ​သော အယူအဆ

ဒီအယူအဆဟာ စစ်တပ်ကို အခွင့်​ထူး​ခံ အလွှာတရပ်အဖြစ်ကို တွန်း​ပို့​တဲ့​ အယူအဆဖြစ်တယ်။ တခြား​သူ​တွေထက် ပိုပြီး​ အနစ်နာခံပြီး​ အသက်စွန့်​ကာကွယ် ​စောင့်​​ရှောက်​နေရတယ်လို့​ ယူဆတာမို့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောသလိုဘဲ လူ့​သဘာဝအတိုင်း​ အ​ကြွေး​​တောင်ချင်လာတယ်။ အခွင့်​အ​ရေး​​တွေ ပိုရချင်လာ​တော့​တာ​ပေါ့​။ တကယ်​တော့​ လယ်သမား​ ဖြစ်ဖြစ် ၊ အလုပ်သမား​ဘဲ ဖြစ်ဖြစ် ၊ အစိုး​ရဝန်ထမ်း​ဘဲ ဖြစ်ဖြစ် လူတိုင်း​ဟာ ကိုယ်ကျရာ တာဝန်ထမ်း​ပြီး​ တိုင်း​ပြည်ကို ကာကွယ်​စောင့်​​ရှောက် အလုပ်အ​ကျွေး​ပြု​နေကြတဲ့​ သူ​တွေချည်း​ဘဲဆိုတာ ရှင်း​ရှင်း​လင်း​လင်း​ မြင်း​နိုင်ရမယ်။

(၈) စစ်တပ်ကသာ တိုင်း​ပြည်အုပ်ချုပ်​ရေး​တာဝန် ယူထိုက်သည်ဟူ​သော အယူအဆ

ဒီအယူအဆဟာနိုင်ငံ​တော်အာဏာကို ​မောင်ပိုင်စီး​လိုတဲ့​ အယူအဆ ဖြစ်တယ်။ စစ်သား​ဟာ စစ်​မြေပြင်မှာ ကျွမ်း​ကျင်သလို ၊ လယ်သမား​ဟာ လယ်ကွင်း​ထဲမှာ လိမ္မာတယ်။ အလုပ်သမား​က စက်ရုံအလုပ်ရုံ​တွေထဲ ကျင်လည်တယ် မဟုတ်လား​။ ​ခွေး​ဟာ ခြံ​စောင့်​ အလုပ်မလုပ်ဘဲ ​ကြောင်ရဲ့​အလုပ် ကြွက်ခုတ်တဲ့​ အလုပ်ဝင်လုပ်လို့​ မရဘူး​ မဟုတ်လား​။ ဒီမိုက​ရေစီစနစ်မှာ နိုင်ငံ​တော်အာဏာကို ဘယ်သူမှ အ​သေဆုပ်ပိုင်ခွင့်​ မရှိဘူး​။ ပြည်သူက တင်​မြှောက်မှသာ တိုင်း​ပြည်အုပ်ချုပ်ပိုင်ခွင့်​ကို ကာလအပိုင်း​အခြား​ တစ်ခုအတွင်း​မှာ အပ်နှင်း​ခံရတာ ဖြစ်တယ်။ ပြည်သူချစ်တဲ့​ တပ်မ​တော်ဖြစ်ဘို့​ဆိုတာ စစ်တပ်ရဲ့​ မူလတာဝန်ဖြစ်တဲ့​ တိုင်း​ပြည်ကို စစ်​ရေး​အရ ကာကွယ်​စောင့်​​ရှောက်ရမဲ့​ တာဝန်ကို နိုင်ငံချစ်စိတ်​ပေါ် ရှင်း​ရှင်း​သန့်​သန့်​ အ​ခြေခံပြီး​ ၊ သစ္စာရှိရှိ ထမ်း​​ဆောင်နိုင်ဘို့​ လိုအပ်ပါတယ်။

အချုပ်အား​ဖြင့်​​ပြောရရင် အများ​အကျိုး​ကို ​ဖော်​ဆောင်နိုင်တဲ့​ ဒီမိုက​ရေစီ ပန်း​တိုင်ကို ရိုး​သား​စွာ​လျှောက်လှမ်း​ လိုတယ်ဆိုရင် အထက်မှာ​ဖော်ပြခဲ့​တဲ့​ အ​တွေး​​ဟောင် အမြင်ဆိုး​​တွေကို ပြတ်ပြတ်သား​သား​ စွန့်​လွှတ်ကြရလိမ့်​မယ်။ အဲ့​ဒီအ​တွေး​အ​ခေါ် အယူအဆ​ဟောင်း​​တွေ မစွန့်​လွှတ် ၊ မ​ပြောင်း​လဲသ၍ လူနဲစု စစ်အာဏာရှင်​တွေရဲ့​ အသုံး​ချခံဘဝနဲ့​ ဆက်ပြီး​ သမိုင်း​ညစ်ကို ​ရေး​​နေရလိမ့်​မယ်ဆိုတာ သတိ​ပေး​လိုက်ပါတယ်။

မင်း​​ကောင်း​ချစ်

LEAVE A REPLY

Please enter your comment!
Please enter your name here