ဩစ​တြေး​လျရှိ က​လေး​​ဆေး​ရုံသို့​ သွား​​ရောက်အား​​ပေး​ခဲ့​သည့်​ ဘက်ခမ်း​

alt

ကမ္ဘာ​ကျော် ​ဘောလုံး​ကြယ်ပွင့်​ တစ်ဦး​ဖြစ်သည့်​ ​ဒေး​ဗစ်ဘက်ခမ်း​သည် ဩစ​တြေး​လျနိုင်ငံသို့​ ​ရောက်ရှိ​နေစဥ် ​တော်ဝင် က​လေး​​ဆေး​ရုံကြီး​သို့​ သွား​​ရောက်ကာ က​လေး​ငယ်များ​ကို နှုတ်ဆက် အား​​ပေး​ခဲ့​​ကြောင်း​ သိရသည်။

အသက် ၃၆ နှစ် ရှိပြီဖြစ်​သော အင်္ဂလန် လက်​ရွေး​စင် အသင်း​​ခေါင်း​​ဆောင်​ဟောင်း​နှင့်​ လက်ရှိ အ​မေရိကန်ကလပ် ​လော့​စ်အိန်ဂျယ်လိစ် ဂလက်စီတွင် ကစား​​နေ​ သော ကွင်း​လယ်လူသည် ကလပ်အသင်း​နှင့်​အတူ ဩစ​တြေး​လျသို့​ ​ရောက်​နေခြင်း​ဖြစ်သည်။

၎င်း​၏ အသင်း​သည် မဲလ်ဘုန်း​ ဗစ်ထရီ အသင်း​နှင့်​ ယခုသီတင်း​ပတ်အတွင်း​ ​ခြေစမ်း​ရန် စီစဥ်ထား​သည်။ ဘက်ခမ်း​သည် ​ဆေး​ရုံတွင် ရှိ​နေစဥ် က​လေး​များ​နှင့်​ ဓာတ်ပုံရိုက်ခဲ့​သလို လူနာရှင် မိဘများ​နှင့်​လည်း​ တစ်နာရီမျှ ​တွေ့​ဆုံ စကား​​ပြောခဲ့​သည်။

က​လေး​ ၄ ဦး​၏ ဖခင်ဖြစ်​သော ဘက်ခမ်း​ သည် သူမ၏ အသက် ၁၉ လအရွယ် သမီး​​လေး​ အလီဂရီ ဖူဆန်ဝပ်၏ ပါး​ကို နမ်း​ခဲ့​ခြင်း​နှင့်​ ပတ်သက်၍ “ကျွန်မ​တော့​ အရမ်း​​ပျော်မိတယ်။ ဘက်ခမ်း​က က​လေး​​တွေကို အရမ်း​ချစ်တတ်ပုံပဲ။ သူဟာ TVထဲမှာ ကျွန်မမြင်ဖူး​တာထက်​တောင် စမတ်ကျ​သေး​တယ်”ဟု က​လေး​၏ မိခင်က ​ပြောကြား​ခဲ့​သည်။

ဘက်ခမ်း​သည် ဖိလစ်ပိုင်တွင် ရှိ​နေစဥ်ကလည်း​ ဆင်း​ရဲနွမ်း​ပါး​သည့်​ က​လေး​များ​ နှင့်​ သွား​​ရောက်​တွေ့​ဆုံကာ ​ဘောလုံး​အတူ ကစား​ခဲ့​သလို က​လေး​များ​၏ ရင်ဖွင့်​မှုများ​ကို စိတ်ဝင်တစား​ နား​​ထောင်ခဲ့​​သေး​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here