တရုတ်နိုင်ငံမှ ကမ္ဘာ့​အရှည်လျား​ဆုံး​ ခရစ္စမတ်ပွဲ​တော် ကိတ်မုန့်​

alt

ကမ္ဘာ​ပေါ်တွင် အရှည်လျား​ဆုံး​ ခရစ္စမတ်ပွဲ​တော် ကိတ်မုန့်​ကြီး​ကို တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့​ကြသည်။

အဆိုပါ ကိတ်မုန့်​ကြီး​သည် အရှည် ၁၀၆၈ မီတာရှိပြီး​ ဂင်း​နစ် ကမ္ဘာ့​မှတ်တမ်း​ စာအုပ်က အရှည်လျား​ဆုံး​ ခရစ္စမတ် ကိတ်မုန့်​အဖြစ် တရား​၀င် အသိအမှတ်ပြု ​ဖော်ပြခဲ့​သည်။

အဆိုပါ ကိတ်မုန့်​ကြီး​ကို ပြုလုပ်ရန် ခရင် ၅၂၆ ကီလိုဂရမ်၊ ​ချော့​ကလက် ၃၃၃ ကီလိုဂရမ်၊ ​အော်ဂင်း​နစ်ကြက်ဥ ရ၅၂ လုံး​၊ သကြား​ ၁၆၉ ကီလိုဂရမ်နှင့်​ ဂျံုမှုန် ၈၆၉ ကီလိုဂရမ် အသုံး​ပြုခဲ့​ရသည်။ ဗနီလာနံ့​ သင်း​​နေ​သော ကိတ်မုန့်​ကြီး​ကို ​ချော့​ကလက်အလွှာ ထပ်ကာ ပြုလုပ်ထား​ပြီး​ စား​ဖိုမှူး​ ၈၀ ကာ တာဝန်ယူ ဖန်တီး​ခဲ့​ကြခြင်း​ဖြစ်သည်။

ရှန်ဟိုင်း​ရှိ ပူ​ဒေါင် ရှန်ဂရီလာ ဟိုတယ်တွင် အဆိုပါ မုန့်​ကို ပြုလုပ်ခဲ့​ခြင်း​ဖြစ်သည်။ ထိုကိတ်မုန့်​ကြီး​ကို ဟိုတယ်အတွင်း​တွင် အလှပြ ပစ္စည်း​တစ်ခုအဖြစ် ခင်း​ကျင်း​ ပြသထား​မည်ဖြစ်ပြီး​ ကိတ်မုန့်​ကို ​ရောင်း​ချရာမှ ရရှိလာ​သော ၀င်​ငွေများ​ကို က​လေး​သူငယ် ကင်ဆာ​ရောဂါ တိုက်ဖျက်​ ရေး​ ရန်ပုံ​ငွေ တစ်ခုသို့​ လှူဒါန်း​သွား​မည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here