Facebook သုံး​ခြင်း​​ကြောင့်​ က​လေး​များ​ ​လောင်း​ကစား​တတ်​စေဟုဆို

alt

Facebookသည် က​လေး​ငယ်များ​ ​လောင်း​ကစား​ အ​လေ့​အထ စွဲမြဲ​စေသည့်​ ပင်မရင်း​မြစ်တစ်ခု ဖြစ်လာ​ကြောင်း​ စွပ်စွဲမှုများ​နှင့်​ ရင်ဆိုင်​နေရသည်။

ကမ္ဘာ​ကျော် လူမှုကွန်ရက် ဝက်ဆိုက်ကြီး​မှတစ်ဆင့်​ က​လေး​များ​က ​ငွေသား​အစစ်များ​ဖြင့်​ ​လောင်း​ကစား​ဂိမ်း​များ​ ​ဆော့​ကစား​​နေခြင်း​သည် စိုး​ရိမ်ဖွယ်ရာ အ​ခြေအ​နေ တစ်ခုဟု သု​တေသီများ​ကဆိုသည်။

အထူး​သဖြင့်​ Virtual Fruit Machines၊ Bingo၊ Pokerနှင့်​ Rouletteကဲ့​သို့​ ဂိမ်း​များ​သည် က​လေး​များ​ကို ​လောင်း​ကစား​ အ​လေ့​အထနှင့်​ အလွန်နီး​စပ် ယှက်နွယ်လာ​စေ​ကြောင်း​ ပညာရှင်များ​က ​ထောက်ပြခဲ့​သည်။ ဗြိတိန်တစ်နိုင်ငံတည်း​တွင်ပင် Facebook သုံး​စွဲသူ ၃ သန်း​သည် အသက် ၁၃ နှစ်နှင့်​ ၁၇ နှစ်ကြား​ လူငယ်များ​ ဖြစ်ကြသည်။

၁၃ နှစ်​အောက် အ​ရေအတွက်မှာ သန်း​ဂဏန်း​မျှ ရှိ​နေသည်ဟု ယုံကြည်ရသည်။ Promis Recover Centerကို တည်​ထောင်ခဲ့​သည့်​ ​ဒေါကပ်တာ ​ရောဘတ် လက်ဖီဗာက “Facebookက​နေ ​လောင်း​ကစား​ အ​လေ့​အထကို အစပြုလာတာဟာ ​ကြောက်စရာ ​ကောင်း​ပါတယ်။ ဒါဟာ ​လောင်း​ကစား​ ​ဈေး​ကွက်အသစ် တစ်ခုရဲ့​ အသွင်မျိုး​ ဖြစ်လာတယ်။ အ​ပျော်အ​နေနဲ့​ စရာက​နေ ​လောင်း​ ကစား​​ကြောင့်​ မိသား​စု တစ်ခုလုံး​ ဘဝပျက်သွား​နိုင်တယ်”ဟု ​ပြောကြား​သွား​သည်။

၎င်း​၏ Centerသည် ​လောင်း​ကစား​ စွဲလန်း​မှုကို တိုက်ဖျက်ရန် ရည်ရွယ် တည်​ထောင်ထား​ခြင်း​ ဖြစ်သည်။ ​ဒေါက်တာ လက်ဖီဗာက Facebookမှတစ်ဆင့်​ အစပြုခဲ့​မှုသည် လူငယ်ထု၏ စိတ်ကို များ​စွာ ဆွဲ​ဆောင်နိုင်​ကြောင်း​၊ Facebookကို သုံး​စွဲပုံ လွဲမှား​သဖြင့်​ လူငယ်များ​ လမ်း​​ ကြောင်း​​ချော်ကာ ​လောင်း​ကစား​ ​လောကထဲ ​ရောက်သွား​မည်ကို စိုး​ရိမ်​ကြောင်း​ ​ဆွေး​​နွေး​​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here