FHM အိန္ဒိယထုတ် မဂ္ဂဇင်း​အတွက် ပါကစ္စတန်မင်း​သမီး​ ဝတ်လစ်စား​လစ် ဓာတ်ပုံအရိုက်ခံ

alt

ပါကစ္စတန်မှ အလှမယ်တစ်ဦး​၏ ဝတ်လစ်စား​လစ် ဓာတ်ပုံ အရိုက်ခံခဲ့​သည်ဆို​သော ကိစ္စသည် အငြင်း​ပွား​စရာ တစ်ခု ဖြစ်လာသည်။

FHM၏ အိန္ဒိယထုတ် မဂ္ဂဇင်း​က မိမိတို့​သည် ပါကစ္စတန် ရုပ်ရှင်မင်း​သမီး​ ဗီနာမာလစ်၏ ဓာတ်ပုံကို မျက်နှာဖုံး​တင်ခဲ့​ခြင်း​သည် အတုမဟုတ်ဟု ​ပြောကြား​ခဲ့​သည်။

သို့​​သော်လည်း​ ထိုပုံတွင် ပါရှိ​နေ​သော ISIဆိုသည့်​ ​ဆေး​မင်​ ကြောင်မှာ မာလစ်၏ လက်​မောင်း​တွင် အမှန်တကယ် ​ရေး​ထိုး​ထား​ခြင်း​ မရှိ​ပေ။ ယခင်ကတည်း​က အိန္ဒိယနှင့်​ ပါကစ္စတန်တို့​မှာ နိုင်ငံ​ရေး​အရ တင်း​မာမှုများ​ ရှိခဲ့​ရာ ယခုကဲ့​သို့​ နာမည်​ကျော်တစ်ဦး​၏ အ​ဖော်အချွတ် ဓာတ်ပုံကိစ္စ​ကြောင့်​ လူအများ​ အာရုံစိုက်စရာ ဖြစ်လာခဲ့​သည်။

BBCက မာလစ်၏ ကိုယ်စား​လှယ်ထံ ဆက်သွယ်​မေး​မြန်း​ခဲ့​ရာ မာလစ်သည် အဆိုပါ ဓာတ်ပုံနှင့်​ မပတ်သက်​ကြောင်း​ ငြင်း​ဆိုခဲ့​သည်။ FHM၏ အိန္ဒိယထုတ် မဂ္ဂဇင်း​မှ အယ်ဒီတာ အဖွဲ့​က မိမိတို့​သည် အတုအ​ယောင် တစ်ခုကိုမှ သုံး​စွဲထား​ခြင်း​ မရှိဟု တုံ့​ ပြန်သည်။ ယခုအခါ မာလစ်သည် အိန္ဒိယ FHMကို တရား​စွဲရန် ပြင်ဆင်​နေ​ကြောင်း​လည်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။

မဂ္ဂဇင်း​ အယ်ဒီတာ ကီဘာ ရှာမာက “ISIလို့​ လက်​မောင်း​​ ပေါ်မှာ ​ရေး​သင့်​တယ်ဆိုပြီး​ ကျွန်​တော် အကြံ​ပေး​ခဲ့​တာပါ။ သူ့​ရဲ့​ စိတ်ကူး​တစ်ခုကို ကျွန်​တော်က ပြန်အစ​ဖော်​ပေး​ခဲ့​တဲ့​ သ​ဘောပါပဲ”ဟု ​ပြောကြား​သွား​သည်။

ပါကစ္စတန်တွင် အ​ မေရိကန် ​လေတပ်က ဗုံး​ကြဲတိုက်ခိုက်မှုများ​ ပြုလုပ်ခဲ့​​ကြောင်း​ စွပ်စွဲခံရပြီး​​နောက် ISIဆို​သော အသုံး​အနှုန်း​မှာ အိန္ဒိယတွင် ပြက်လုံး​ထုတ်စရာ ဖြစ်လာခဲ့​သည်။ မွတ်ဆလင် ဘာသာဝင် နိုင်ငံတစ်ခုဖြစ်​သော ပါကစ္စတန်တွင် အမျိုး​သမီး​တစ်ဦး​ ဝတ်လစ်စား​လစ် ဓာတ်ပုံအရိုက်ခံခြင်း​မှာ လက်ခံနိုင်​သော အ​ခြေအ​နေ မရှိဘဲ Social Networking ဝက်ဆိုက်များ​နှင့်​ Blogများ​တွင် ပါကစ္စတန် နိုင်ငံသား​ အများ​စုက မာလစ်ကို ​ဝေဖန်ရှုတ်ချမှုများ​ ပြုလုပ်ခဲ့​​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here