အလွန်အကျွံ​​ခေါင်း​​တိုက်သည့်​​ ​​ဘောလုံး​​သမား​​များ​​ ဦး​​​နှောက်ထိခိုက်နိုင်

alt

အလွန်အကျွံ ​​ခေါင်း​​တိုက်ခြင်း​​သည် ဦး​​​နှောက်ကို ထိခိုက်​​စေ​​ကြောင်း​​ သိရှိရသည်။ ထို့​​​ကြောင့်​​ ​​ဘောလုံး​​ကစား​​သမား​​များ​​ အ​​နေနှင့်​​ ဦး​​​နှောက်ပိုင်း​​ဆိုင်ရာ ထိခိုက်မှုများ​​ ရှိလာနိုင်​​ကြောင်း​​ သု​​တေသီများ​​က သတိ​​ပေး​​ခဲ့​​သည်။ အ​​မေရိကန်မှ ပညာရှင်များ​​က ယခု​​လေ့​​လာမှုကို ပြုလုပ်ခဲ့​​ခြင်း​​ဖြစ်သည်။

ချီကာဂိုတွင် ကျင်း​​ပသည့်​​ ဓာတ်​​ရောင်ခြည် ​​ဆေး​​ပညာဆိုင်ရာ ​​ဆွေး​​​နွေး​​ပွဲတွင် ယခု​​တွေ့​​ရှိမှု ရလဒ်ကို ​​ဖော်ထုတ်ပြသခဲ့​​သည်။ ကျွမ်း​​ကျင်သူ​များ​​က ​​ဘောလုံး​​ကစား​​သူ​များ​​က ဦး​​​နှောက်ဆိုင်ရာ လုပ်ငန်း​​စဉ်များ​​ ပုံမှန်လုပ်​​ဆောင်နိုင်စွမ်း​​ မရှိသူ​များ​​၏ ဦး​​​နှောက်တွင် ထိခိုက်မှုများ​​သည် ​​ဘောလုံး​​ကို မကြာခဏ ​​ခေါင်း​​တိုက်ပါက ဖြစ်​​ပေါ်တတ်ပုံနှင့်​​ ဆက်စပ်မှုရှိ​​ကြောင်း​​ ​​ပြောကြား​​ခဲ့​​သည်။ နယူ​း​​​ယောက်ရှိ အဲဘတ်အိုင်း​​စတိုင်း​​ ​​ဆေး​​ပညာ ​​ကောလိပ်မှ ​​ဒေါက်တာ မိုက်ကယ်လစ်တန်က “ဦး​​​ခေါင်း​​ကို ဆက်တိုက် ထိခိုက်မှု​​တွေဟာ ဦး​​​နှောက်ဒဏ်ရာ ရလာဖို့​​အတွက် ဖြတ်လမ်း​​နည်း​​ တစ်ခုလို့​​​တောင် ​​ပြောလို့​​ရတယ်။

တစ်နှစ်ကို အကြိမ် ၁၀၀၀ က​​နေ ၁၅၀၀ ​​လောက် ​​ခေါင်း​​တိုက်​​နေရင် ဒီအ​​နေအထား​​ဟာ အသိသာဆုံး​​ပဲ။ ဒါဟာ ပ​​ရော်ဖက်ရှင်နယ် ​​ဘောလုံး​​သမား​​​တွေ သတိပြုသင့်​​တဲ့​​ အချက်တစ်ခုပါ”ဟု ​​ပြောကြား​​သွား​​သည်။ ၁၉၅၀ ပြည့်​​လွန်နှစ်များ​​က ဆဲလ်တစ်အသင်း​​ ကစား​​သမား​​​ဟောင်း​​ ဘီလီမက်​​ဖေး​​သည် ဦး​​​ခေါင်း​​​ဝေဒနာတစ်ခု ခံစား​​ခဲ့​​ရပြီး​​ ထိုစဉ်က ​​ခေါင်း​​တိုက်မှုများ​​နှင့်​​ ဆက်စပ်မည်ဟု ယူ​ဆရ​​သော်လည်း​​ ​​ဆေး​​မှတ်တမ်း​​အရ အတည်မပြုနိုင်ခဲ့​​​ပေ။

၂၀၀၂ ခုနှစ်က အသက် ၅၉ နှစ်ရှိ အင်္ဂလန် ကြယ်ပွင့်​​​ဟောင်း​​ ဂျက်ဖ်အက်စ်လီသည် ဦး​​​နှောက်ထိခိုက်မှု​​ကြောင့်​​ ​​သေဆုံး​​ခဲ့​​သည်။ ထိုစဉ်က ​​လေး​​လံ​​သော သား​​​ရေ​​ဘောလုံး​​မျး​​ကို ၁၉၆၀ ပြည့်​​နှစ်များ​​အတွက် အက်စ်လီ ​​ခေါင်း​​တိုက်ကစား​​ခဲ့​​မှုနှင့်​​ ဆက်စပ်​​နေ​​ကြောင်း​​ ပညာရှင်များ​​က ​​ပြောကြား​​ခဲ့​​ဖူ​း​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here