The Lady ဇာတ်ကား​​ ပြင်သစ်တွင် ရုံတင်ပြသရန်စီစဉ်

alt

မြန်မာ့​​ ဒီမိုက​​ရေစီ​​ခေါင်း​​​ဆောင် ​​ဒေါ်​​အောင်ဆန်း​​စုကြည်၏ ဘဝကို ပုံ​​ဖော်ရိုက်ကူး​​ထား​​​သော The Lady ဇာတ်ကား​​ကို ပြင်သစ်တွင် ရုံတင်ပြသသွား​​ရန် စီစဉ်​​နေ​​ကြောင်း​​ သိရှိရသည်။

မ​​လေး​​ရှား​​ ရုပ်ရှင်မင်း​​သမီး​​ မစ်ချယ်ယိုက နိုဘယ်လ် ငြိမ်း​​ချမ်း​​​ရေး​​ဆုရှင် ​​ဒေါ်​​အောင်ဆန်း​​စုကြည်အဖြစ် ပါဝင်ထား​​​သော အဆိုပါ ဇာတ်ကား​​ကို Fifth Elementနှင့်​​ The Big Blueဇာတ်ကား​​များ​​၏ ဒါရိုက်တာ လုဘက်ဆန်က တာဝန်ယူ ရိုက်ကူး​​ထား​​ခြင်း​​ဖြစ်သည်။ James Bond ရုပ်ရှင် မင်း​​သမီး​​​ဟောင်း​​ မစ်ချယ်သည် ၂ နာရီကြာ​​သော အထုပ္ပတ္တိ ရုပ်ရှင်တွင် ရင့်​​ကျက်တည်ငြိမ်​​သော ငြိမ်း​​ချမ်း​​​ရေး​​ဝါဒီ အမျိုး​​သမီး​​ နိုင်ငံ​​ရေး​​​ခေါင်း​​​ဆောင် ဇာတ်ရပ်ကို တိတိကျကျ ပီပီပြင်ပြင် သရုပ်​​ဆောင်ခဲ့​​သည်။

ထိုဇာတ်ကား​​သည် ​​ဒေါ်​​ အောင်ဆန်း​​စုကြည်၊​ သူမ၏ ဗြိတိန်နိုင်ငံသား​​ ခင်ပွန်း​​သည် မိုက်ကယ်အဲရစ်နှင့်​​ သား​​နှစ်ဦး​​တို့​​၏ ဘဝကို တစ်စိတ်တစ်ပိုင်း​​ ပုံ​​ဖော်ထား​​ပြီး​​ အဲရစ်၏ ကင်ဆာ​​ရောဂါဖြင့်​​ ​​နောက်ဆုံး​​ အချိန်ကို ကြံုကြိုက်​​နေရခိုက်တွင် မြန်မာစစ်အာဏာပိုင်များ​​က ၎င်း​အား​​ ဇနီး​​နှင့်​​ ​​တွေ့​​ဆုံရန် ပြည်ဝင်ခွင့်​​ မ​​ပေး​​ခဲ့​​ပုံများ​​ကိုပါ ထည့်​​သွင်း​​ ရိုက်ကူး​​ထား​​သည်။ ​​

ဒေါ်​​အောင်ဆန်း​​ စုကြည်သည် မြန်မာနိုင်ငံအတွင်း​​ ပြန်လည်ဝင်​​ရောက်ခွင့်​​ ရရှိ​​တော့​​မည် မဟုတ်​​သော အ​​ခြေအ​​နေ​​ကြောင့်​​ ခင်ပွန်း​​သည်အား​​ ပြည်ပတွင် သွား​​​ရောက်​​တွေ့​​ဆုံခြင်း​​ မပြုရန် ခက်ခက်ခဲခဲ ဆုံး​​ဖြတ်ခဲ့​​ရသည်။ “ဒီအတွက် သူဟာ ဂုဏ်ပြုခံဖို့​​ ထိုက်တန်ပါတယ်။ သူ့​​အတွက် လူ​​ပေါင်း​​များ​​စွာဟာ ဘာ​​မေး​​ခွန်း​​မှ မထုတ်ဘဲ ဘဝကို ​​ပေး​​အပ်ခဲ့​​ကြတယ်”ဟု ဘက်ဆန်က ​​ ပြောကြား​​ခဲ့​​သည်။ ​​ခေါင်း​​​ဆောင်မင်း​​သမီး​​ မစ်ချယ်က “သူနဲ့​​ သူ့​​ခင်ပွန်း​​တို့​​ကြား​​က ချစ်ခြင်း​​​မေတ္တာဟာ ​​ဒေါ်​​အောင်ဆန်း​​စုကြည်ကို ကြီး​​ကျယ်တဲ့​​ ခွန်အား​​တစ်ခု ဖြစ်​​စေခဲ့​​တယ်”ဟု သုံး​​သပ်​​ပြောဆိုသွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here