မိုက်ကယ်ဂျက်ဆက်​​သေဆုံး​​မှုအတွက် ​​ဒေါက်တာမာ​​ရေး​​အား​​ ​​ထောင်ဒဏ် ၄ နှစ်ချမှတ်

alt

မိုက်ကယ်ဂျက်ဆင် ​​သေဆုံး​​မှုတွင် အဓိက တရား​​ခံဖြစ်သည်ဟု တရား​​ရုံး​​က ဆုံး​​ဖြတ်ထား​​​သော ​​ဒေါက်တာ ကွန်း​​ရက်မာ​​ရေး​​ကို တရား​​ရုံး​​က ​​ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ပြီဖြစ်သည်။ နိုဝင်ဘာ လဆန်း​​ပိုင်း​​က ပြစ်မှုထင်ရှား​​​ကြောင့်​​ သတ်မှတ်ခံရ​​သော ​​ဒေါက်တာ မာ​​ရေး​​သည် ၎င်း​၏ ပြစ်မှုအတွက် အမြင့်​​ဆုံး​​ ပြစ်ဒဏ်ကို ခံယူ​ခဲ့​​ရခြင်း​​ ဖြစ်သည်။

၎င်း​သည် Popဂီတ နာမည်​​ကျော် အဆို​​တော် ဂျက်ဆင်အား​​ နာကျင်မှု သက်သာ​​စေ​​သော ​​ဆေး​​ဝါး​​များ​​ကို အတိုင်း​​အဆမဲ့​​ သုံး​​စွဲ ကုသရာမှ ဂျက်ဆင်မှာ နှလုံး​​ထိခိုက် ​​သေဆုံး​​ခဲ့​​ခြင်း​​ဖြစ်သည်။ တရား​​သူ​ကြီး​​ မိုက်ကယ် ပက်စတာက ​​ဒေါက်တာမာ​​ရေး​​အား​​ ယခုပြစ်ဒဏ်ကို အတည်ပြု ချမှတ်ခဲ့​​ခြင်း​​ဖြစ်သည်။ ​​ဒေသဆိုင်ရာ တရား​​သူ​ကြီး​​ စတိဗိကူ​လီက “ဒါဟာ တရား​​​ရေး​​အရ စီရင်ဆုံး​​ဖြတ်မှုအတွက် တကယ့်​​ စိန်​​ခေါ်မှုပါပဲ။ ခု​​တော့​​ တိကျမှန်ကန်တဲ့​​ ရလဒ်ကို ကျွန်​​တော်တို့​​ အတည်ပြုနိုင်ခဲ့​​ပါပြီ”ဟု ​​ပြောကြား​​သွား​​သည်။ ဂျက်ဆင်သည် ၂၀၀၉ ခုနှစ်၊​ ဇွန်လ ၂၅ ရက်​​နေ့​​က ကွယ်လွန်ခဲ့​​ခြင်း​​ဖြစ်သည်။

ဂျက်ဆင်၏ မိခင်ဖြစ်သူ​ ကက်သရင်း​​ ဂျက်ဆင်ကမူ​ တရား​​ရုံး​​၏ ဆုံး​​ဖြတ်ချက်ကို မ​​ကျေနပ်နိုင်​​သေး​​​ကြောင်း​​ ​​ပြောဆိုခဲ့​​သည်။ “ကျွန်မသား​​က ​​သေသွား​​တာပါ။ မာ​​ရေး​​ ​​ထောင် ၄ နှစ် ကျသွား​​လည်း​​ ကျွန်မသား​​ကို ကျွန်မ ပြန်မရ​​တော့​​ဘူ​း​​”ဟု ကက်သရင်း​​က ဖွင့်​​ဟသွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here