လိင်ဆက်ဆံရန် ပျက်ကွက်မှုဖြင့်​​ ဇနီး​​ဖြစ်သူအား​​ ​​လျော်​​ကြေး​​​ပေး​​ရန် ခင်ပွန်း​​အား​​ တရား​​ရုံး​​ကအမိန့်​​ချ

alt

ပြင်သစ် တရား​​ရုံး​​ တစ်ခုက ဇနီး​​သည်အား​​ လိင်ဆက်ဆံရန် ပျက်ကွက်ခဲ့​​​သော အမျိုး​​သား​​ တစ်ဦး​​အား​​ ဇနီး​​ထံ ​​လျော်​​ကြေး​​ ယူရိုတစ်​​သောင်း​​ ​​ပေး​​​ဆောင်ရန် အမိန့်​​ချမှတ်လိုက်သည်။

တရား​​ရုံး​​က အဆိုပါ အမျိုး​​သား​​သည် ခင်ပွန်း​​သည် တာဝန်များ​​ကို ပျက်ကွက်ခဲ့​​​ကြောင်း​​ ဆုံး​​ဖြတ်ကာ ယခုလို စီရင်ချက် ချမှတ်လိုက်ခြင်း​​ဖြစ်သည်။ တရား​​ရုံး​​က အမည်ထုတ်ပြန် ​ ​ကြေညာခြင်း​​ မရှိ​​သော စုံတွဲသည် အသက် ၅၁ နှစ်စီ ရှိကြပြီး​​ လက်ရှိတွင် ကွာရှင်း​​ထား​​ပြီး​​ဖြစ်သည်။

၁၉၈၆ ခုနှစ်က လက်ထပ်ခဲ့​​​သော စုံတွဲသည် သား​​သမီး​​ ၂ ဦး​​ရှိသည်။ ၎င်း​တို့​​သည် ၂၀၀၉ ခုနှစ် ဇန်နဝါရီလက ကွာရှင်း​​ခဲ့​​ကြသည်။ တရား​​ရုံး​​က အမျိုး​​သား​​၏ လုပ်ရပ်သည် လင်နှင့်​​မယား​​ကြား​​ လိင်ပိုင်း​​ဆိုင်ရာ ဆက်နွယ်မှုကို နိုင်ထက်စီး​​နင်း​​ ပြုခြင်း​​ဟု ဆုံး​​ဖြတ်ခဲ့​​ သည်။

အမျိုး​​သမီး​​က သူမသည် ဇနီး​​သည် တစ်ဦး​​အ​​နေနှင့်​​ ရပိုင်ခွင့်​​ ဆုံး​​ရှံုး​​ခဲ့​​ခြင်း​​​ကြောင့်​​ ​​လျော်​​ကြေး​​ရလို​​ကြောင်း​​ တရား​​ရုံး​​အား​​ ဦး​​တိုက် ​​လျှောက်ထား​​ခဲ့​​ခြင်း​​ဖြစ်သည်။ တရား​​ရုံး​​က အမျိုး​​သား​​သည် ကျန်း​​မာ​​ရေး​​ဆိုင်ရာ အား​​နည်း​​ချက် တစ်စုံတစ်ရာ မရှိဘဲ ဇနီး​​သည်ကို မျက်ကွယ်ပြုထား​​သည့်​​အတွက် ယခုလို စီရင်ချက် ချမှတ်ခြင်း​​ဖြစ်​​ကြောင်း​​လည်း​​ ​​ကြေညာခဲ့​​ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here