​​လေယာဉ်စီး​​ရင်း​​ က​​လေး​​သူ​ငယ် မဖွယ်မရာပုံများ​​ကြည့်​​သူ​ အဖမ်း​​ခံရ

alt

အ​​မေရိကန်နိုင်ငံ Delta​ ​လေ​​ကြောင်း​​လိုင်း​​တွင် ​​လေယာဉ်စီး​​​နေရင်း​​ က​​လေး​​သူ​ငယ် မဖွယ်မရာပုံများ​​ ကြည့်​​ရှုမှု​​ကြောင့်​​ လူ​တစ်ဦး​​ အဖမ်း​​ခံခဲ့​​ရ​​ကြောင်း​​ သိရသည်။ ၎င်း​သည် ​​ဘော်စတွန်မှ ​​ဆော့​​လိတ်စီး​​တီး​​သို့​​ အသွား​​တွင် Laptop ကွန်ပျူ​တာဖြင့်​​ အဆိုပါ ပုံများ​​ကို ကြည့်​​ရှု​​နေခြင်း​​ဟု သိရှိရသည်။

အသက် ၄၇ နှစ်ရှိ ပထမတန်း​​ ခရီး​​သည် ဂရန့်​​စမစ်က အဆိုပါ ပုံများ​​ ကြည့်​​ရှု​​နေသည်ကို ​​လေယာဉ်ဝန်ထမ်း​​ တစ်ဦး​​က ​​တွေ့​​ရှိပြီး​​​နောက် တာဝန်ရှိသူ​များ​​ထံ အသိ​​ပေး​​ တိုင်ကြား​​ခဲ့​​ရာ လိုဂန်နိုင်ငံတကာ ​​လေဆိပ်အ​​ရောက်တွင် စမစ်အား​​ ဖမ်း​​ဆီး​​ကာ စစ်​​ဆေး​​​မေး​​မြန်း​​မှုများ​​ ပြုလုပ်ခဲ့​​သည်။ ထို့​​​နောက်တွင် ၎င်း​၏ Laptop ကို စစ်​​ဆေး​​ကာ က​​လေး​​သူ​ငယ် မဖွယ်မရာပုံများ​​ လက်ဝယ်ထား​​ရှိမှုဖြင့်​​ အဖမ်း​​ခံခဲ့​​ရသည်။

ထို့​​​နောက်တွင် ၎င်း​အား​​ ​​ဒေါ်လာ ၁၅ဝဝဝ တန် အာမခံဖြင့်​​ ပြန်လွှတ်​​ပေး​​ရန် ရဲတပ်ဖွဲ့​​က ခွင့်​​ပြုခဲ့​​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here