ဩစ​​တြေး​​လျ​​လေ​​ကြောင်း​​လိုင်း​​ ​​လေယာဉ်​​ပေါ်တွင် Apple iPhone 4S မီး​​ထ​​လောင်ခဲ့​​

alt

ဘက်ထရီပိုင်း​​ဆိုင်ရာ ချွတ်ယွင်း​​ချက်များ​​​ကြောင့်​​ နာမည်ပျက်​​နေ​​သော Appleကုမ္ပဏီထုတ် iPhone 4Sသည် ​​နောက်ထပ် ပိုဆိုး​​​သော ကိစ္စတစ်ခုနှင့်​​ ကြံု​​တွေ့​​​နေရသည်။ ဩစ​​တြေး​​လျ ​​လေ​​ကြောင်း​​လိုင်း​​ တစ်ခုတွင် ခရီး​​သည်တစ်ဦး​​ သယ်ယူ​လာ​​သော iPhoneသည် မီး​​ထ​​လောင်ခဲ့​​​ကြောင်း​​ သိရသည်။

လစ်​​မောမှ ဆစ်ဒနီသို့​​ ပြီး​​ခဲ့​​သည့်​​ သီတင်း​​ပတ်က ပျံသန်း​​​သော ခရီး​​စဉ်တွင် ​​လေယာဉ်ထဲ မီး​​ခိုး​​များ​​ ပျံ့​​နှံ့​​လာခြင်း​​​ကြောင့်​​ အထိတ်တလန့်​​ ဖြစ်ခဲ့​​​သေး​​သည်။ ​​နောက်ပိုင်း​​တွင် ​​လေယာဉ်အမှုထမ်း​​များ​​က ဖုန်း​​ကို မီး​​ငြှိမ်း​​သတ်ခဲ့​​ပြီး​​ အဆိုပါ ဖြစ်စဉ်အတွင်း​​ ဒဏ်ရာရသူ​ မရှိခဲ့​​​ကြောင်း​​ ​​ပြောကြား​​ခဲ့​​သည်။ ဩစ​​တြေး​​လျ သယ်ယူ​ပို့​​​ဆောင်​​ရေး​​ လုံခြံုမှု ဗြူ​ရိုက အဆိုပါဖြစ်စဉ်အတွက် ပြည်သူ​့​​​လေ​​ကြောင်း​​ တာဝန်ရှိသူ​များ​​နှင့်​​ ပူ​း​​​ပေါင်း​​ကာ စုံစမ်း​​စစ်​​ဆေး​​မှုများ​​ ပြုလုပ်သွား​​မည်ဟု ​​ကြေညာထား​​သည်။

ယင်း​​ဖြစ်စဉ်အတွက် Apple ကုမ္ပဏီက မည်သည့်​​မှတ်ချက်မျှ မ​​ပေး​​​သေး​​ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here