ဇနီး​​ဖြစ်သူ​အား​​ သတ်ဖြတ်ကာ အ​​လောင်း​​​ဖျောက်သည့်​ တရုတ်အမျိုး​​သား​​ ​​သေဒဏ်ချမှတ်ခံရ

alt

တရုတ်နိုင်ငံမှ ပြည်သူ​့​​​ရေး​​ရာ ဝန်ထမ်း​​တစ်ဦး​​သည် ဇနီး​​ဖြစ်သူ​အား​​ သတ်ဖြတ်ကာ အ​​လောင်း​​​ဖျောက်ဖျက်မှုအတွက် ​​သေဒဏ်ချမှတ်ခြင်း​​ ခံလိုက်ရပြီဖြစ်သည်။ ၎င်း​သည် ယခုနှစ် အ​​စောပိုင်း​​က ဇနီး​​ဖြစ်သူ​အား​​ တူ​နှင့်​​ထုသတ်ကာ အ​​လောင်း​​ကို ၆၃ ပိုင်း​​ ခုတ်ထစ်ပြီး​​ ​​ဖျောက်ဖျက်ခဲ့​​သည်။

ဂွမ်​​ဒေါင်း​​ရှိ ယန်ဂျီအန်း​​မြို့​​ တွင် ​​နေထိုင်​​သော ဇူ​တန်ယူ​သည် ဇနီး​​သည် ချန်ဇန်း​​နှင့်​​ အိမ်​​ထောင်သက် ၁၇ နှစ်ရှိပြီး​​ သမီး​​​လေး​​ တစ်ဦး​​လည်း​​ ရထား​​​ကြောင်း​​ သိရသည်။ Modern Expressက ဇူ​သည် ယခုနှစ် ဧပြီလ ၂ ရက်​​နေ့​​က ဇနီး​​နှင့်​​ အချင်း​​များ​​ ရန်ဖြစ်ပြီး​​​နောက် ဇနီး​​အား​​ သတ်ပစ်ခဲ့​​ခြင်း​​ဖြစ်​​ကြောင်း​​ ​​ဖော်ပြခဲ့​​သည်။ ဇူ​သည် သမီး​​ဖြစ်သူ​၏ ပညာ​​ရေး​​အတွက် စု​​ဆောင်း​​ထား​​​သော ယွမ်​​ငွေ တစ်သိန်း​​နှစ်​​သောင်း​​ကို ထုတ်ယူ​သုံး​​စွဲလိုက်သည့်​​အတွက် ချန်က ​​ဒေါသတကြီး​​ ရန်​​တွေ့​​ခဲ့​​ခြင်း​​ဖြစ်သည်။ ထို့​​​နောက် ဇူ​သည် ဇနီး​​၏​​ခေါင်း​​ကို တူ​နှင့်​​ထုခဲ့​​ရာ အမျိုး​​သမီး​​မှာ ပွဲချင်း​​ပြီး​​ ​​သေဆုံး​​သွား​​သည်။

ထို့​​​နောက် ဇူ​သည် အ​​လောင်း​​ကို ​​ရေချိုး​​ခန်း​​ထဲယူ​ကာ ၆၃ ပိုင်း​​ ခုတ်ထစ်ပြီး​​ အစိတ်အပိုင်း​​များ​​ကို ကီလိုမီတာ ၅၀ အ​​ဝေး​​ရှိ ဝါး​​​တောထဲတွင် သွား​​မြှုပ်ထား​​ခဲ့​​​ကြောင်း​​ သိရသည်။ ထို့​​​နောက် ချန်​​ပျောက်ဆုံး​​​နေ​​ကြောင်း​​ ရဲများ​​ကိုပင် တိုင်ကြား​​ခဲ့​​​သေး​​သည်။ ယခုအခါ တရား​​ရုံး​​က ၎င်း​ကို ​​ထောင်ဒဏ် ၂ နှစ် ကျခံပြီး​​​နောက် ​​သေဒဏ်စီရင်ချက် ချမှတ်ရန် ဆုံး​​ဖြတ်လိုက်ပြီဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here