ချစ်သူ​နှင့်​​​စေ့​​စပ်လိုက်သည့်​​ ​​ဟောလီး​​ဝုဒ်မင်း​​သမီး​​ အန်နာ ဟက်သာ​​ဝေး​​

alt

​​ဟောလီး​​ဝုဒ် မင်း​​သမီး​​ အန်နာ ဟက်သာ​​ဝေး​​သည် ကာလကြာရှည် တွဲ​​နေသည့်​​ ချစ်သူ​နှင့်​​ ​​စေ့​​စပ်လိုက်ပြီ ဖြစ်သည်။ အသက် ၂၈ နှစ် ရှိပြီဖြစ်​​သော Batman: The Dark Knight Rise သရုပ်​​ဆောင် မင်း​​သမီး​​​ချောသည်

သူ​မထက် ၂ နှစ်ကြီး​​သည် အဒမ်ရှူ​လမန်နှင့်​​ ​​စေ့​​စပ်လိုက်​​ကြောင်း​​ သူ​မ၏ ကိုယ်စား​​လှယ်က အတည်ပြုသည်။

အန်နာသည် သူ​မ၏ လက်တွင် ​​စေ့​​စပ်လက်စွပ် ဝတ်ဆင်ထား​​သည့်​​ ဓာတ်ပုံများ​​ကို ဂုဏ်ယူ​ဝင့်​​ကြွား​​စွာ ပြသခဲ့​​သည်။ အန်နာ၏ ကိုယ်စား​​လှယ်က “သူ​သိပ်​​ကျေနပ်​​နေပါတယ်။ အန်အာအတွက် အဒမ်က Adam and Kwait Heritage လက်ဝတ်ရတနာဆိုင်က​​နေ သီး​​သန့်​​မှာထား​​တဲ့​​ လက်စွပ်နဲ့​​ လက်ထပ်ခွင့်​​ ​​တောင်း​​ခဲ့​​တာပါ”ဟု ​​ပြောကြား​​ခဲ့​​သည်။ အသက် ၃၀ အရွယ် အဒမ်သည် ရုပ်ရှင်မင်း​​သား​​နှင့်​​ ပန်း​​ထိမ်ပညာရှင် တစ်ဦး​​ဖြစ်သည်။ ယင်း​​တို့​​နှစ်ဦး​​သည် ၂၀၀၈ ခုနှစ်က အန်နာနှင့်​​ ရာဖယ်လို ​​ဖော်လီရာတို့​​ လမ်း​​ခွဲပြီး​​​နောက် တွဲခဲ့​​ကြခြင်း​​ဖြစ်သည်။ အဒမ်သည် အန်နာ​​လောက် ​​ကျော်ကြား​​မှု မရှိ​​သော်လည်း​​ ၎င်း​တို့​​နှစ်ဦး​​၏ ဆက်ဆံ​​ရေး​​သည် အ​​ပေး​​အယူ​မျှတပြီး​​ အဖုအထစ် အလွန်နည်း​​ပါး​​ခဲ့​​သည်။

အန်နာသည် ထိုစဉ်ကတည်း​​က သူ​မဘဝအတွက် စစ်မှန်​​သော အ​​ဖော်တစ်ဦး​​ကို ရှာ​​ဖွေနိုင်ခဲ့​​ပြီဟု ယုံကြည်​​ကြောင်း​​ သတင်း​​​ထောက်များ​​ထံ ဝန်ခံ​​ပြောဆိုခဲ့​​​သေး​​သည်။ အန်နာ ပါဝင်သရုပ်​​ဆောင်ထား​​​သော The Dark Knight Risesဇာတ်ကား​​သည် မကြာမီ ရုံတင်ပြသ​​တော့​​မည်ဟုလည်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here