ကြမ်း​​တမ်း​​ခက်ထန်​​သော မြင်ကွင်း​​ပါသည့်​​ ဗီဒီယိုဂိမ်း​​​ဆော့​​သူ​များ​​ ရန်လိုကြမ်း​​ကြုတ်လာတတ်

alt

ကြမ်း​​တမ်း​​ခက်ထန်​​သော မြင်ကွင်း​​များ​​ ပါဝင်သည့်​​ ဗီဒီယိုဂိမ်း​​များ​​သည် လူ​အများ​​ကို ပိုမို ရန်လို ကြမ်း​​ကြုတ်လာ​​စေတတ်​​ကြောင်း​​ သု​​တေသီများ​​က ​​ပြောကြား​​လိုက်သည်။ အင်ဒီယာနာ တက္ကသိုလ် ​​ဆေး​​ပညာဌာနမှ ပညာရှင်များ​​သည် အသက် ၁၈ နှစ်မှ ၂၉ နှစ်ကြား​​ လူ​ ၂၂ ဦး​​၏ ဂိမ်း​​ကစား​​မှုနှင့်​​ စိတ်ပိုင်း​​ဆိုင်ရာ သက်​​ရောက်မှုများ​​ကို ​​လေ့​​လာခဲ့​​သည်။

ယင်း​​တို့​​အနက် ထက်ဝက်ကို ကြမ်း​​တမ်း​​ခက်ထန်​​သော မြင်ကွင်း​​များ​​ ပါဝင်သည့်​​ ဂိမ်း​​များ​​ကို တစ်ပတ်လျင် ၁၀ နာရီမျှ အနည်း​​ဆုံး​​ ကစား​​​စေသည်။ ကျန်အဖွဲ့​​ကမူ​ မည်သည့်​​ဂိမ်း​​မျှ မကစား​​ခဲ့​​​ပေ။ ထို့​​​နောက် အဆိုပါ အဖွဲ့​​နှစ်ခု၏ စိတ်ပိုင်း​​ဆိုင်ရာ အ​​ခြေအ​​နေများ​​ကို ​​လေ့​​လာခဲ့​​ရာ ဂိမ်း​​ကစား​​သူ​များ​​သည် သာမန်ထက် ပိုမိုရန်လိုမှု ရှိလာသည်ကို ​​တွေ့​​ရှိခဲ့​​ရသည်။ ဂိမ်း​​များ​​၏ သက်​​ရောက်မှုသည် စိတ်ပိုင်း​​ဆိုင်ရာအ​​ပေါ် အ​​ပြောင်း​​အလဲ ဖြစ်​​စေနိုင်​​ကြောင်း​​ သု​​တေသီများ​​က ယင်း​​အချက်ကို အ​​ခြေခံကာ ရှင်း​​ပြခဲ့​​သည်။

ဂိမ်း​​များ​​၏ ဆွဲ​​ဆောင်မှုသည် ဦး​​​နှောက်၏ လှုပ်ရှား​​စီမံပုံများ​​ကို သက်​​ရောက်မှု ဖြစ်​​စေ​​ကြောင်း​​ ပညာရှင်များ​​က ယခင်ကတည်း​​က ယုံကြည်ခဲ့​​ကြသည်။ လွန်ခဲ့​​​သော ၃ နှစ်အက တက္ကဆက်ရှိ A&M တက္ကသိုလ်က လူ​ငယ် ၁၆၅ ဦး​​၏ ဂိမ်း​​ကစား​​မှု အ​​လေ့​​အထများ​​ကို ​​လေ့​​လာပြီး​​ ဂိမ်း​​အလွန်အကျွံ ကစား​​ခြင်း​​သည် လူ​မှု​​ရေး​​ရာ ဆက်ဆံမှုများ​​တွင် အဆိုး​​ဘက်မှ သက်​​ရောက်မှု ရှိလာ​​စေနိုင်​​ကြောင်း​​ ​​ပြောကြား​​သွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here