အမျိုး​သား​များ​နှင့်​ အမျိုး​သမီး​များ​တို့​ စိတ်ဝင်စား​တတ်သည့်​ အရာများ​မတူညီ

alt

ပြင်သစ်နိုင်ငံရှိ သု​တေသန အဖွဲ့​တစ်ခုက ပြုလုပ်​သော စစ်တမ်း​အရ အမျိုး​သား​များ​သည် ဆန့်​ကျင်ဘက် လိင်များ​၏ ရင်ဘတ်ကို စိတ်ဝင်တစား​ ​ငေး​မော​နေတတ်ပြီး​ အမျိုး​သမီး​များ​ကမူ လက်ထပ်လက်စွပ်များ​ကို စိတ်ဝင်စား​လေ့​ရှိ​ကြောင်း​ သိရှိရသည်။

ပြင်သစ် ကုမ္ပဏီ Miratechက ပိုင်ဆိုင်​သော ဓာတ်ခွဲခန်း​တွင် လူအများ​၏ မျက်လုံး​လှုပ်ရှား​ပုံများ​ကို ​ခြေရာခံ ​လေ့​လာကာ ယခုစစ်တမ်း​ကို ​ကြေညာခဲ့​ခြင်း​ဖြစ်သည်။ အမျိုး​သား​များ​သည် အမျိုး​သမီး​များ​က ၎င်းတို့​ကို ​ငေး​ကြည့်​သည်ထက် အမျိုး​သမီး​များ​၏ ရင်သား​ကို ​ငေး​ကြည့်​ရာတွင် ၃၇ ရာခိုင်နှုန်း​မျှ ပိုမို ကြာရှည် များ​ပြား​လေ့​ရှိ​ကြောင်း​ သိရသည်။ အမျိုး​သမီး​များ​ကမူ အမျိုး​သမီး​ချင်း​ လက်တွင် ဝတ်ဆင်ထား​သော လက်ထပ်လက်စွပ်ကို ပိုမို စိတ်ဝင်တစား​ ​ငေး​မောရာတွင် အမျိုး​သား​များ​ထက် ပျမ်း​မျှ ၂၇ ရာခိုင်နှုန်း​ ပိုမိုကြာရှည်သည်။

ဗြိတိန်အမျိုး​သမီး​များ​သည် လက်ထပ်လက်စွပ်များ​အ​ပေါ် စိတ်ဝင်တစား​ရှိမှု အများ​ဆုံး​ဖြစ်ပြီး​ ဗြိတိသျှ အမျိုး​သား​များ​ထက် လက်စွပ်များ​အ​ပေါ် စိတ်ဝင်စား​မှုသည် ၁၄၉ ရာခိုင်နှုန်း​ထိ မြင့်​မား​သည်။ သု​တေသီများ​၏ အဆိုအရ အမျိုး​သမီး​ အများ​စုသည် ဆန့်​ကျင်ဘက် လိင်ကို အကဲခတ်ရာတွင် တန်ဖိုး​နှင့်​ အဆင့်​အတန်း​ကို အဓိက သတိပြုပြီး​ အမျိုး​သား​များ​ကမူ လိင်ဆွဲ​ဆောင်မှုကို ဦး​စား​ပေး​တတ်​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here