အင်တာနက်ဆက်သွယ်မှု​ မ​ကောင်း​​ရင် ဆက်သွယ်​ရေး​ဝန်ကြီး​​က ဦး​​​ဇော်မင်း​​ဦး​​ကိုဖြုတ်မည်

alt

လာမည့်​ ဒီဇင်ဘာ ၅ ရက်မှ ၉ ရက်​နေ့​ထိ ​နေပြည်​တော်တွင် ကျင်း​ပမည်ဖြစ်​သော (၁၁) ကြိမ်​​မြောက် အာဆီယံဆက်သွယ်​​ရေး​​နှင့်​​ သတင်း​​အချက်အလက် နည်း​​ပညာဆိုင်ရာ ဝန်ကြီး​​အဆင့်​​ အစည်း​​အ​​ဝေး​​နှင့်​​

(၁၂) ကြိမ်​​မြောက်အာဆီယံ ​​ကြေး​​နန်း​​ဆက်သွယ်​​ရေး​​နှင့်​​ သတင်း​​အချက်အလက် နည်း​​ပညာဆိုင်ရာ အဆင့်​​မြင့်​​ အရာရှိကြီး​​များ​​အဆင့်​​အစည်း​​​ဝေး​​ကာလ အတွင်း​တွင် အင်တာနက်ဆက်သွယ်မှု ဆက်လက်​ဆိုး​ရွား​​နေပါက​မြန်မာ့​​ဆက်သွယ်​​ရေး​​ဌာန၊​ သတင်း​​အချက်အလက်နှင့်​​ နည်း​​ပညာဌာန အင်ဂျင်နီယာချုပ် ဦး​​​ဇော်မင်း​​ဦး​​အား​ လက်ရှိရာထူ​း​မှ အနား​​ပေး​မည်ဟု ဆက်သွယ်​​ရေး​​၊​ စာတိုက်နှင့်​​ ​​ကြေး​​နန်း​​ဝန်ကြီး​​ဌာန ပြည်​​ထောင်စုဝန်ကြီး​​ ဦး​​သိန်း​​ထွန်း​​က သတိ​ပေး​ထား​​ကြောင်း​ သိရှိရသည်။

အဆိုပါအစည်း​​​ဝေး​​တွင် ဝန်ကြီး​​များ​​နှင့်​​ အခြား​​အဆင့်​​မြင့်​​အရာရှိကြီး​​များ​​ တက်​​ရောက်ကြမည်ဖြစ်ပြီး​​၊​ အချို့​​နိုင်ငံများ​​မှ ကိုယ်စား​​လှယ်များ​​မှာ မြန်မာနိုင်ငံ၏ တယ်လီကွန်း​​​ဈေး​​ကွက် အခွင့်​​အလမ်း​​ကို သိရှိလို၍ လာ​​ရောက် ​​လေ့​​လာခြင်း​​လည်း​​ရှိရာ တက်​​ရောက်သူ​ ကိုယ်စား​​လှယ်စုစု​​ပေါင်း​​ (၁၅၀) နီး​​ပါး​​ရှိမည်ဟု သိရသည်။

အာဆီယံဝန်ကြီး​​များ​​နှင့်​​ အဆင့်​​မြင့်​​အရာရှိကြီး​​များ​​ ၊​အစည်း​​​ဝေး​​တက်​​ရောက်သူ​ ကိုယ်စား​​လှယ်များ​​အား​​လုံး​​အား​ မြန်မာနိုင်ငံ၏ အိမ်ရှင်ပီသမှု၊​ ဧည့်​​ဝတ်​​ကျေပွန်မှုနှင့်​​ ယဉ်​​ကျေး​​​ဖော်​​ရွှေမှုတို့​​ကို ပြသရန်နှင့်​ မြန်မာနိုင်ငံသို့​​ ဝင်​​ရောက်ချိန်မှစ၍ ပြန်လည်ထွက်ခွာချိန်ထိ အဆင်​​ပြေ​​ချော​​မွေ့​​​စေရန်အတွက် ပြင်ဆင်ထား​ဖို့​လဲ သတိ​ပေး​ခဲ့​​ကြောင်း​ အစည်း​​ဝေး​တတ်​ရောက်ခဲ့​သူ​များ​ထံမှ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here