Bat Man ဇာတ်ကား​တွင် သရုပ်​ဆောင်မှု အဆုံး​သတ်​တော့​မည်ဟု ခရစ္စတီယန်​ဘေး​လ်ဖွင့်​ဟ

alt

မိမိ၏ Batman အဖြစ် သရုပ်​ဆောင်ရမည့်​ ဘဝ​နေ့​ရက်များ​ တဖြည်း​ဖြည်း​ ကုန်ဆုံး​လာပြီဟု ခရစ္စတီယန်​ဘေး​လ်က ဖွင့်​ဟ ​ပြောကြား​လိုက်သည်။ အသက် ၃၇ နှစ်ရှိ ​ဟောလီး​ဝုဒ် မင်း​သား​သည် ၎င်း၏ တတိယ​မြောက် Bat Man ဇာတ်ကား​အဖြစ် The Dark Knight Rises တွင် ပါဝင် သရုပ်​ဆောင်ထား​သည်။

၎င်းက Batman ဇာတ်ကား​များ​တွင် ၎င်းပါဝင် သရုပ်​ဆောင်မှုသည် အဆိုပါ ဇာတ်ကား​တွင် အဆုံး​သတ်ပြီဟု အတည်ပြု ​ပြောကြား​ခဲ့​သည်။ ​ဘေး​လ်က “ကျွန်​တော့်​အတွက်​တော့​ Batmanမျက်နှာဖုံး​ကို ချွတ်ပစ်ရမယ့်​ အချိန် ​ရောက်​နေပါပြီ။ ကျွန်​တော်​ရော၊​ ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ကပါ Batman​ ခေတ်ဟာ ကုန်ဆုံး​ပြီလို့​ ​တွေး​ထား​ပါတယ်”ဟု မှတ်ချက်ပြုသွား​သည်။ Welsh စတား​ မင်း​သား​က The Dark Knight Rises ဇာတ်ကား​တွင် အန်နာဟက်သာ​ဝေး​ ပါဝင်သရုပ်​ဆောင်ထား​သည့်​ Catwoman ဇာတ်ရုပ်သည် ခက်ခဲ​သော စိန်​ခေါ်မှု စရိုက်တစ်ခုဟုလည်း​ သုံး​သပ်ခဲ့​သည်။ “ကျွန်​တော်တို့​အတွက် ခက်ခဲတဲ့​ သရုပ်​ဆောင်အလုပ်​တွေ ရှိခဲ့​ဖူး​ပါတယ်။

Catwoman ဇာတ်ရုပ်အတွက် အရင်တုန်း​က အမျိုး​သမီး​တချို့​ သရုပ်​ဆောင်ခဲ့​ဖူး​ပါတယ်။ ကျွန်​တော့်​အမြင်​တော့​ အန်နာ သရုပ်​ဆောင်ရတာဟာ ကျွန်​တော်တို့​ အား​လုံး​ထဲမှာ အခက်ခဲဆုံး​ပါပဲ”ဟု ​ဘေး​လ်က ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here