အလုပ်ချိန်တွင် ခိုကပ်သည့်​​ သူ​နာပြုအား​​ အီတလီရဲတပ်ဖွဲ့​​ ဖမ်း​​ဆီး​​

alt

အီတလီနိုင်ငံတွင် ရဲတပ်ဖွဲ့​​က သူ​နာပြုတစ်ဦး​​အား​​ အလုပ်ချိန် ခိုကပ်​​နေမှုများ​​​ကြောင့်​​ ဖမ်း​​ဆီး​​ထား​​လိုက်​​ကြောင်း​​ သိရှိရသည်။ အမျိုး​​သား​​ ကျန်း​​မာ​​ရေး​​ စီမံကိန်း​​ အဖွဲ့​​က ဘို​​လော့​​နာတွင် ​​နေထိုင်​​သော အမည်​​ဖော်မပြသူ​ အမျိုး​​သမီး​​ သူ​နာပြုသည် နည်း​​လမ်း​​မျိုး​​စုံဖြင့်​​ အလုပ်ခွင်ကို ​​ရှောင်တိမ်း​​​နေခဲ့​​ရာ လွန်ခဲ့​​​သော ၉ နှစ်အတွင်း​​ သူ​မသည် ၆ ရက်သာ မှန်မှန်ကန်ကန် အလုပ်ဆင်း​​ခဲ့​​​ကြောင်း​​ ​​ဖော်ပြထား​​ခဲ့​​သည်။

အသက် ၄၅ နှစ်ရှိ အမျိုး​​သမီး​​သည် နည်း​​လမ်း​​မျိုး​​စုံ လှည့်​​စား​​အသုံး​​ပြုကာ အလုပ်မလုပ်ရန် လိမ်ညာတိမ်း​​​ရှောင်​​နေခဲ့​​သည်။ သူ​မသည် ကိုယ်ဝန်ရှိ​​ကြောင်း​​ ညာ​​ပြောကာ နှစ်ကြိမ် ရက်ရှည် ခွင့်​​ယူ​ခဲ့​​သည်။ ထို့​​အပြင် ဆရာဝန်များ​​ထံမှ ကျန်း​​မာ​​ရေး​​ မ​​ကောင်း​​​ကြောင်း​​ ​​ထောက်ခံစာ အတုများ​​ ဖန်တီး​​ရယူ​ကာ အလုပ်ခွင်ကို ​​ရှောင်တိမ်း​​ခဲ့​​​ကြောင်း​​ ANSA က ​​ဖော်ပြခဲ့​​သည်။

အီတလီမှ တာဝန်ရှိသူ​များ​​က အဆိုပါ အမျိုး​​သမီး​​သည် အစိုး​​ရထံမှ ပြည်သူ​့​​ဘဏ္ဍာ​​ငွေများ​​ကို လှည့်​​ဖျား​​ရယူ​​​ကြောင်း​​ စွပ်စွဲချက်ဖြင့်​​ တရား​​စွဲဆို ခံရမည်ဖြစ်​​ကြောင်း​​ ​​ပြောကြား​​ခဲ့​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here