​​ယောက်ျား​​ဖြစ်သူ​အား​​ ​​ရောင်း​​ချလို​​ကြောင်း​​ အမျိုး​​သမီး​​တစ်ဦး​​က အွန်လိုင်း​​တွင်​​ကြော်ငြာ

alt

“လွယ်လွယ်ကူ​ကူ​ ထိန်း​​သိမ်း​​ထား​​နိုင်ပါတယ်။ ၃ နာရီက​​နေ ၅ နာရီခြား​​​လောက်မှာ တစ်ခါ ထမင်း​​​ကျွေး​​၊​ ​​ရေတိုက်ရုံပဲ”ဆို​​သော ​​ကြော်ငြာစာသား​​ကို Craigslist ဝက်ဆိုက်တွင် အထင်း​​သား​​ ​​တွေ့​​နိုင်သည်။ အမျိုး​​သမီး​​ တစ်ဦး​​က သူ​မ၏ ​​ယောက်ျား​​ကို ​​ရောင်း​​ချလို​​ကြောင်း​​ Classified ကဏ္ဍတွင် ​​ကြော်ငြာထား​​ခြင်း​​ဖြစ်သည်။

အ​​မေရိကန်နိုင်ငံ၊​ ယူ​တား​​တွင် ​​နေထိုင်​​သော အဆိုပါ အမျိုး​​သမီး​​က သူ​မ၏ ​​ယောက်ျား​​သည် Call of Duty: Modern Warfare 3 ဂိမ်း​​ကို လက်ဝယ်ပိုင်ပိုင် ရရှိကတည်း​​က သူ​မကို လှည့်​​ပင် မကြည့်​​​တော့​​သဖြင့်​​ စိတ်ကုန်​​နေပြီဟု ညည်း​​ညူ​ခဲ့​​သည်။ အသက် ၂၂ နှစ်ရှိ ကိုင်လီဘာဒ​​လေသည် ဂိမ်း​​ဝါသနာအိုး​​ တစ်ဦး​​ဖြစ်ပြီး​​ အာဖဂန် နစ္စတန်တွင် စစ်မှုထမ်း​​ရာမှ ဒဏ်ရာရပြီး​​ အနား​​ယူ​ခဲ့​​သည်။ ယခုအခါ ၎င်း​သည် အိမ်တွင်း​​​အောင်း​​ကာ ၃ ရက်ဆက်တိုက် အဆိုပါ ဂိမ်း​​ကို အသည်း​​အသန် ​​ဆော့​​ကစား​​​နေရာ ဇနီး​​ဖြစ်သူ​ ​​အေလီဆီ ဘက်ဒ​​လေက ​​ဒေါသထွက်​​နေခြင်း​​ဖြစ်သည်။ သို့​​​သော်လည်း​​ ​​နောက်ပိုင်း​​တွင် သူ​မ၏ ​​ကြော်ငြာသည် ခင်ပွန်း​​သည်ကို စိတ်ဆိုး​​မိသဖြင့်​​ ​​ယောက္ခမနှင့်​​ တိုင်ပင်ပြီး​​ ဟာသလုပ်ခဲ့​​ခြင်း​​ဖြစ်​​ကြောင်း​​ ပြန်လည် ​​ပြောကြား​​ခဲ့​​သည်။

“ရယ်စရာ သက်သက်ပါ။ ကျွန်မ ​​ယောက်ျား​​ကို ကျွန်မချစ်ပါတယ်။ သူ​ကလည်း​​ ကျွန်မကို ချစ်ပါတယ်။ ဒီ​​တော့​​ သူ​့​​ကို ဝယ်ချင်တယ်လို့​​ ကမ်း​​လှမ်း​​လာရင်​​တောင် ကျွန်မက မစဉ်း​​စား​​ပါဘူ​း​​”ဟု ​​အေလီဆီက ABC သတင်း​​ဌာနသို့​​ ရယ်ရယ်​​မော​​မော ​​ပြောဆိုသွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here