အ​​ကောင်း​​ဆုံး​​ကို​​မျှော်လင့်​​ရင်း​​ အဆိုး​​ဆုံး​​အတွက်​လည်း​​ပြင်ဆင်​ထား​​ပြီး​​ ဖြစ်​​နေသင့်​​ပါတယ်

အခုတ​​လော လက်ရှိ မျက်​​မှောက် မြန်မာ့​​နိုင်ငံ​​ရေး​​ အ​​ပေါ် ရှု​​ထောင့်​​အမျိုး​​မျိုး​​က

သုံး​​သပ်​​ဝေဖန်​​ဆွေ​​နွေး​​မှုများ​​ကို ကြား​​​နေရပါတယ် ၊​​ ကျ​​နော်အမြင်က​​တော့​​ NLD အခုလို မှတ်ပုံတင်ပြီး​​ ​​ရွေး​​​ကောက်ပွဲဝင်ခြင်း​​ဟာလူ​ထုကို တရား​​ဝင် စည်း​​ရုံး​​နိုင်ခွင့်​​ နှင့်​​လူ​ထုအတွင်း​​တရား​​ဝင် လှုပ်ရှား​​မှုများ​​​ဆောင်ရွက်နိုင်ဖို့​​ နည်း​​ဗျူ​း​​ဟာ တစ်ရပ်အ​​နေနဲ့​​ ​​ရွေး​​ချယ်မှုဖြစ်ပြီး​​ NLD ပါတီ​​ခေါင်း​​​ဆောင် လည်း​​ဖြစ် ဒီမိုက​​ရေစီ လှုပ်ရှား​​မှု လူ​ထု​​ခေါင်း​​​ဆောင် လည်း​​ဖြစ်တဲ့​​​ဒေါ်​​အောင်ဆန်း​​စုကြည် အဆိုအရ စွန့်​​စား​​လုပ်ကိုင်ခြင်း​​ဖြစ်သလို အဲဒီအချက်​​ပေါ်မှာ နား​​လည်မှုလွဲပြီး​​ သ​​ဘောထား​​မကွဲလွဲဖို့​​တတိုင်း​​ပြည်လုံး​​ညီညွတ်​​ရေး​​ လိုအပ်တယ်လို့​​ ​​ပြောပါတယ်..။​

တကယ်လို့​​ အနာဂတ်မြန်မာ့​​နိုင်ငံ​​ရေး​​မှာ NLD ဟာ ​​ရွေး​​​ကောက်ပွဲက​​နေတဆင့်​​ လွှတ်​​တော်ထဲ ဝင်​​ရောက်ပြီး​​ ၂၀၀၈ ဖွဲ့​​စည်း​​ပုံ ဥပ​​ဒေကို ပြင်ဆင််ဖို့​​ကြိုး​​စား​​တဲ့​​အခါ စစ်အုပ်စုက ကြီး​​စိုး​​ထိမ်း​​ချုပ်ထား​​တဲ့​​လွှတ်​​တော်မှာ မဲခွဲဆုံး​​ဖြတ်ရင်အနိုင်ရ ဖို့​​မလွယ်မှန်း​​ ​​သေချာ​​ပေမဲ့​​ အဲဒီအ​​ခြေအ​​နေ အချိန်အခါမှာ မတရား​​ဥပ​​ဒေ​​တွေကို ပြုပြင်​​ပြောင်း​​လဲရန် လူ​ထုလှုပ်ရှား​​မှု​​တွေက တဆင့်​​ ၂၀၀၈ ဥပ​​ဒေ ​​တွေ ပြင်ဆင်​​ရေး​​အပါအဝင် ပြည်တွင်း​​စစ် ရပ်စဲ​​ရေး​​ နှင့်​​ပြည်တွင်း​​ ငြိမ်း​​ချမ်း​​​ရေး​​၊​​ နိုင်ငံ​​ရေး​​ အကျဉ်း​​သား​​များ​​ လွတ်​​မြောက်​​ရေး​​ အပါအဝင် ဥပ​​ဒေ စိုး​​မိုး​​​ရေး​​ ၊​​ စတဲ့​​အ​​ပြောင်း​​အလဲ​​တွေကိုလူ​ထုနှင့်​​အတူ​တူ​ လက်တွဲပြီး​​ တိုက်ပွဲဝင်သွား​​နိုင်ပါတယ်…။​

တချိန်ထဲမှာပဲ NLD အ​​နေဖြင့်​​ တချိန်လုံး​​​တောင်း​​ဆိုလာခဲ့​​တဲ့​​ အမျိုး​​သား​​ပြန်လည်သင့်​​မြတ်​​ရေး​​အတွက် ​​တွေ့​​ဆုံ​​ဆွေး​​​နွေး​​​ရေး​​အ​​ပေါ် ​​ရှေ့​​ဆက်ပြီး​​ တိုး​​တက်မှု​​တွေကို ဆုတ်ယုတ်နိုင်စရာ အ​​ကြောင်း​​ရှိ၍ ​​နောက်ပြန်မလှည့်​​ချင်​​သော​​ကြောင့်​​ ၂၀၁၀ ​​ရွေး​​​ကောက်ပွဲမှ တက်​​သော ဦး​​သိန်း​​စိန်အစိုး​​ရနှင့်​​ မတရား​​အတည်ပြုထား​​​သော၂၀၀၈ ဖွဲ့​​စည်း​​ပုံအ​​ပေါ်မှာပြန်လည်ပြုပြင်ရန် အပြန်အလှန်နား​​လည်မှုတည်​​ဆောက်ပြီး​​ တဖြည်း​​ဖြည်း​​ ပြုပြင်မည့်​​နည်း​​လမ်း​​ကို ​​ရွေး​​ချယ်တာလည်း​​ ဖြစ်နိုင်​​ချေ ရှိပါတယ် ။​

ယခင်စစ်အုပ်စု တဖြစ်လည်း​​ ယခုလက်ရှိအစိုး​​ရဟာ အ​​ပြောင်း​​အလဲလုပ်​​နေတယ်ဆို​​သော်ငြား​​လည်း​​ နိုင်ငံ​​ရေး​​အကျဉ်း​​သား​​များ​​ကို ဓား​​စား​​ခံလိုဆက်လက်ဖမ်း​​ဆီး​​ထား​​ခြင်း​​နဲ့​​ တိုင်း​​ရင်း​​သား​​လက်နက်ကိုင် အဖွဲ့​​များ​​နဲ့​​ ​​ရေရှည်ပြည်တွင်း​​စစ်​​တွေကိုဆက်လက်ဖြစ်ပွား​​​နေခြင်း​​ အား​​ မ​​ပြောင်း​​မလဲ အချိန်ဆွဲပြီး​​ လုပ်​​နေခြင်း​​ဟာ အ​​ကောင်း​​ဖက်ကိုရှုမြင်လိုသူ​များ​​​တောင် သံသယ ကြီး​​စိုး​​​နေစဲ ဖြစ်ပါတယ် ။​

အဲဒီလို မတရား​​မှုများ​​နဲ့​​ လူ​ထုအ​​ပေါ် ဖိနှိပ်ခြင်း​​များ​​​ကြောင့်​​လဲ လက်နက်ကိုင် ​​တော်လှန်​​ရေး​​ဟာ မြန်မာပြည် သမိုင်း​​​ကြောင်း​​မှာ ယခုအချိန်ထိ ရှိ​​နေခြင်း​​ဖြစ်တာကို မျက်ဝါး​​ထင်ထင် ​​တွေ့​​မြင်​​နေရခြင်း​​ဖြစ်ပါတယ် ။​

လူ​ထု​​ခေါင်း​​​ဆောင် ​​ဒေါ်​​အောင်ဆန်း​​စုကြည် နှင့်​​ လက်ရှိ အစိုး​​ရသမတ္တ ဦး​​သိန်း​​စိန်တို့​​ရဲ့​​​ဆွေး​​​နွေး​​ ညှိနှိုင်း​​မှု​​နောက်ကွယ်မှာ တစုံတရာ နား​​လည်မှု ရရှိထား​​ခြင်း​​များ​​ရှိ​​နေတယ်လို့​​လဲ ထင်မြင်ယူ​ဆနိုင်ပါတယ် ၊​​ ဆိုလိုသည်မှာ မြန်မာပြည်မှာ လူ​့​​အခွင့်​​အ​​ရေး​​ ချိုး​​​ဖောက်မှုများ​​ ဆက်လက်ရှိ​​နေ​​သော်လည်း​​ ၂၀၁၄ အာဆီယံ ဥက္ကဌရာထူ​း​​ကို မြန်မာစစ်အုပ်စုတဖြစ်လဲ လက်ရှိအစိုး​​ရသမတ္တ ဦး​​သိန်း​​စိန်က တာဝန်ယူ​မှုအ​​ပေါ် အာဆီ ယံ အဖွဲ့​​ဝင်နိုင်ငံများ​​မှ အဆုံး​​အဖြတ် မ​​ပေး​​မှီနှင့်​​ အဆုံး​​အဖြတ်​​ပေး​​ပြီး​​အ​​ပေါ် NLD မှ​​ဝေဖန်တိုက်ခိုက်မှုများ​​ ပြင်း​​ပြင်း​​ထန်ထန်မရှိခြင်း​​ ၊​​ မြစ်ဆုံ​​ရေကာတာ ရပ်တန့်​​ပြီး​​​နောက်ပိုင်း​​ မြန်မာအစိုး​​ရနှင့်​​ တရုတ်နိုင်ငံအကြား​​ တစုံတရာ သံတမန်​​ရေး​​တင်း​​မာမှုများ​​ရှိခဲ့​​ရာမှ မြန်မာအစိုး​​ရနှင့်​​ အ​​မေရိကန် အပါအဝင် အ​​နောက်အုပ်စုနှင့်​​ သံတမန်​​ရေး​​အရ အနီး​​ကပ်ဆက်ဆံမှုများ​​ရှိလာခြင်း​​များ​​ ၊​​ နိုင်ငံ​​ရေး​​ အကျဉ်း​​သား​​ ( ၂၀၀ ) ​​ကျော်လွှတ်​​ပေး​​မှုအပါအဝင် လွတ်လပ်စွာ ဆန္ဒပြခွင့်​​ ဥပ​​ဒေ ၊​​ပါတီမှတ်ပုံတင်ခွင့်​​ ဥပ​​ဒေများ​​ ပြန်လည်ပြင်ဆင်ခြင်း​​များ​​ကို နှစ်ဦး​​နှစ်ဖက်မှ အပြန်အလှန် လိုက်​​လျောမှုများ​​နှင့်​​ အမျိုး​​သား​​ပြန်လည်သင့်​​မြတ်​​ရေး​​ ကို ပုံ​​ဖော်ခဲ့​​ကြပါတယ် ၊​​ဒါ​​ပေမဲ့​​ မမြင်နိုင်​​သေး​​တဲ့​​ ပြုပြင်​​ရေး​​လမ်း​​​ကြောင်း​​ရဲ့​​​ခြေလှမ်း​​တစွမ်း​​တစမို့​​ အား​​ရစရာအကြာင်း​​မရှိတာ သဘာဝကျပါတယ်။​

​သေချာတာတစ်ခုက​​တော့​​ ဗိုလ်ချုပ်​​အောင်ဆန်း​​ဟာ အင်္ဂ​လိပ်ထံမှာ တိုင်း​​ပြည်လွတ်လပ်​​ရေး​​ကို အနုနည်း​​နဲ့​​​စေ့​​စပ် ​​ဆွေး​​​နွေး​​ချိန်မှာ တခြား​​တဖက်ကလည်း​​ လိုအပ်ရင်လိုအပ်သလို လူ​ထုတိုက်ပွဲကို ပုံ​​ဖော်ဖို့​​အဆင်သင့်​​ပြင်ဆင်ပြီး​​သလို လက်နက်ကိုင်တိုက်ပွဲအတွက်လည်း​​ ပြင်ဆင်ထား​​ပြီး​​ဖြစ်ပါတယ်..။​ကမ္ဘာ့​​နိုင်ငံ​​ရေး​​ ​​ရေစီး​​​ကြောင်း​​အပါအဝင်ဗိုလ်ချုပ်၏ ​​ခေါင်း​​​ဆောင်မှုအ​​ပေါ် တနိုင်ငံလုံး​​အတိုင်း​​အတာထိ လူ​ထုကညီညီညွတ်ညွတ်ရပ်တည်ခဲ့​​​သောအချက်အလက်​​တွေ​​ပေါ်မူ​တည်ပြီး​​အင်္ဂ​လိပ်ကိုလိုနီ လက်​​အောက်က တတိုင်း​​ပြည်လုံး​​ လွတ်လပ်​​ရေး​​ ရရှိခဲ့​​တာဖြစ်ပါတယ် ။​

သို့​​ဖြစ်ပါ၍့​​ တဖက်နှင့်​​တဖက် ​​စေ့​​စပ်ညှိနှိုင်း​​​ရေး​​အ​​ပေါ် လူ​ထုအကျိုး​​ တိုင်း​​ပြည်အကျိုး​​ကို ကြည့်​​ပြီး​​ အမှန်တကယ် ပြုပြင်​​ပြောင်း​​လဲမှုကို အတိတ်ကလို ​​သွေး​​ထွက်သံယိုမှုများ​​ ​​ရှောင်ရှား​​ပြီး​​ ​​ဆောင်ရွက်နိုင်ပါက အ​​ကောင်း​​ဆုံး​​ဖြစ်​​ပေမယ့်​​ အကယ်၍ဲ့​​ ဖြစ်မလာခဲ့​​​သော် အဆိုး​​ဆုံး​​အတွက်လည်း​​ပြင်ဆင်ထား​​ပြီး​​ ဖြစ်​​နေသင့်​​ပါတယ် ။​

လက်ရှိ အစိုး​​ရ အ​​နေဖြင့်​​ အမှန်တကယ် လူ​ထုဆန္ဒကို​​လေး​​စား​​လိုက်နာပြီး​​တိုင်း​​ပြည်နှင့်​​လူ​ထုအကျိုး​​အတွက် အမျိုး​​သား​​ပြန်လည်သင့်​​မြတ်​​ရေး​​ကို လုပ်​​ဆောင်ရင်ဖြင့်​​၂၀၁၄ခုနှစ် အာဆီယံဥက္ကဌရာထူ​း​​ကို မြန်မာပြည်က အလှည့်​​ကျ တာဝန်ယူ​တဲ့​​အခါ မှာ ​​ရွေး​​​ကောက်ပွဲမှတက်လာ​​သော​​ဒေါ်​​အောင်ဆန်း​​စုကြည်ကိုလွှတ်​​တော်ဥက္ကဌ ( သို့​​မဟုတ် )နိုင်ငံ​​တော်သမတ္တအဖြစ် ခန့်​​အပ်နိုင်သလို စစ်အုပ်စုရဲ့​​အတိတ်က ထုံး​​စံကို ဆက်လက်ကိုင်စွဲပြီး​​ အာဏာရှင် စနစ်ကို ပြန်လည်အသက်သွင်း​​ရန်ကြိုး​​စား​​ဦး​​မည်ဆိုပါက ​​နေအိမ်အကျယ်ချုပ်ထဲကိုပင်ပြန်လည် မထည့်​​နိုင်ဘူ​း​​ဟု ဘယ်သူ​မှ အတတ်မ​​ပြောနိုင်ပါ ။​

သို့​​ဖြစ်ပါ၍ အမျိုး​​သား​​ပြန်လည်သင့်​​မြတ်​​ရေး​​ နှင့်​​ပြည်တွင်း​​ငြိမ်း​​ချမ်း​​​ရေး​​အတွက် NLD မှ ​​ဆောင်ရွက်​​နေချိန်တွင် လူ​ထုအင်အား​​သည် အခရာဖြစ်​​ပေရာ ပြည်တွင်း​​ ပြည်ပ ​​ရောက်ရှိရာ အရပ်မှ မြန်မာပြည်သူ​လူ​ထုအ​​နေဖြင့်​​ ပြုပြင်​​ပြောင်း​​လဲ​​ရေး​​ကို လက်ရှိအစိုး​​ရမှ ပုံ​​ဖော်​​ဆောင်ရွက်မှုများ​​ ရှိ မရှိ​​ပေါ်မူ​တည်ပြီး​​ မိမိအနာဂတ်တိုင်း​​ပြည်ကို မိမိတို့​​ပုံ​​ဖော်တည်​​ဆောက်ရန်တာဝန်ရှိပါသည်။​ နှမ်း​​တစ်​​စေ့​​ထဲဖြင့်​​ ဆီမဖြစ်နိုင်သလို ဝါး​​အစည်း​​လိုစည်း​​လုံး​​ညီညွတ်မှသာ မည်သူ​မှလွယ်လွယ်ကူ​ကူ​ ရိုက်ချိုး​​နိုင်မည် မဟုတ်​​ကြောင်း​​ မျိုး​​ချစ်စိတ်ဖြင့်​​ တိုက်တွန်း​​နိုး​​​ဆော်လိုက်ရပါသည် ။​

​​အောင်ခိုင်မြင့်​​

LEAVE A REPLY

Please enter your comment!
Please enter your name here