ဗြိတိန်တွင် လမ်း​​​ဘေး​​ချိုင့်​​ခွက်တစ်ခု​​ကြောင့်​​ စက်ဘီး​​စီး​​သူ​အမျိုး​​သမီး​​ ​​သေဆုံး​​ရ

alt

လမ်း​​​ဘေး​​မှ ချိုင့်​​တစ်ခု​​ကြောင့်​​ ဗြိတိန်တွင် စက်ဘီး​​စီး​​သူ​ အမျိုး​​သမီး​​တစ်ဦး​​ ​​သေဆုံး​​သွား​​ခဲ့​​သည်။ အ​​တော်အတန် နက်​​သော ချိုင့်​​ထဲသို့​​ သူ​မ၏ စက်ဘီး​​မှဘီး​​ ကျွံသွား​​ပြီး​​​နောက် လဲကျရာမှ အသက် ၆၇ နှစ်အရွယ် မာဂရက် နစ်ကိုး​​မှာ ဒဏ်ရာများ​​ဖြင့်​​ ​​သေဆုံး​​သွား​​ခြင်း​​ဖြစ်သည်။

အငြိမ်း​​စား​​ တစ်ဦး​​ဖြစ်ပြီး​​ စက်ဘီး​​စီး​​ ဝါသနာပါ​​သော မာဂရက်သည် အသက် ရ၀ အရွယ် ခင်ပွန်း​​ဖြစ်သူ​ ရစ်ချတ်နစ်ကိုး​​နှင့်​​အတူ​ စက်ဘီး​​စီး​​လာရင်း​​ တစ်နာရီ ၃၅ မိုင်နှုန်း​​ဖြင့်​​ သွား​​​နေစဉ် ချိုင့်​​ထဲသို့​​ ဘီး​​ကျွံသွား​​ခြင်း​​ဖြစ်သည်။ ရစ်ချတ်က ၎င်း​၏ ဇနီး​​သည် စက်ဘီး​​စီး​​ ကျွမ်း​​ကျင်သူ​ တစ်ဦး​​ဖြစ်ပြီး​​ မိုင်​​ပေါင်း​​ ၄၀၀၀ မျှကို စက်ဘီး​​စီး​​ခဲ့​​ဖူ​း​​ပြီး​​ဖြစ်​​ကြောင်း​​ ​​ပြောကြား​​ခဲ့​​သည်။ “ကျွန်​​တော် သူ​့​​ကို လက်ညှိုး​​ထိုး​​ပြပြီး​​ ချိုင့်​​ရှိတယ်လို့​​ သတိ​​ပေး​​ခဲ့​​​သေး​​တယ်။ ဒါ​​ပေမဲ့​​ အဖြစ်အပျက်က ၂ စက္ကန့်​​​လောက်ပဲ ကြာမယ်ထင်တယ်။ ကျွန်​​တော့်​​ ​​နောက်ဘက်မှာ လဲကျတဲ့​​အသံ ကြား​​လိုက်တယ်။ သူ​အဲဒီချိုင့်​​ကို နင်း​​မိပြီလို့​​ ကျွန်​​တော် ချက်ချင်း​​သိလိုက်တယ်”ဟု ရစ်ချတ်က ပြန်​​ပြောင်း​​ ​​ပြောကြား​​ခဲ့​​သည်။

လူ​တခြား​​၊​ စက်ဘီး​​တခြား​​ ဖြစ်သွား​​​သော မာဂရက်ကို ဘတ်သ် တက္ကသိုလ် ​​ဆေး​​ရုံသို့​​ အလျင်အမြန် တင်ပို့​​ခဲ့​​​သော်လည်း​​ သူ​မ၏ အသက်ကို မကယ်တင်နိုင်ခဲ့​​​ပေ။ ​​နောက်ပိုင်း​​စစ်​​ဆေး​​မှုများ​​အရ သူ​မတို့​​ စက်ဘီး​​စီး​​ခဲ့​​ရာလမ်း​​တွင် ချိုင့်​​ခွက် ၅ ခုမျှ ရှိ​​နေပြီး​​ ယင်း​​တို့​​အနက် အကြီး​​ဆုံး​​သည် ၃၉ လက်မရှည်ကာ ၁၉ လက်မမျှ ကျယ်ပြီး​​ ၃ လက်မခန့်​​ နက်​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here