ပညာ​​ရေး​​တွင် ဖိအား​​​ပေး​​လွန်း​​သည့်​​ မိခင်အား​​ သား​​ဖြစ်သူ​က သတ်ဖြတ်

alt

​​တောင်ကိုရီး​​ယား​​နိုင်ငံမှ ဆယ်​​ကျော်သက် တစ်ဦး​​သည် ပညာ​​ရေး​​တွင် ဖိအား​​​ပေး​​လွန်း​​​သော မိခင်အား​​ သတ်ပစ်ပြီး​​ သူ​မ၏ အ​​လောင်း​​ကို ကုတင်​​အောက်တွင် ၈ လကြာ ဝှက်ထား​​ခဲ့​​​ကြောင်း​​ သိရသည်။

ရဲများ​​သည် အသက် ၁၈ နှစ်အရွယ် လူ​ငယ်တစ်ဦး​​ကို လူ​သတ်မှုဖြင့်​​ ဝရမ်း​​ထုတ်ကာ ဖမ်း​​ဆီး​​ခဲ့​​သည်။ ဆိုး​​လ်မြို့​​ရှိ ဂွမ်ဂျင်တွင် ​​နေထိုင်​​သော အဆိုပါ လူ​ငယ်သည် မတ်လက မိခင်ဖြစ်သူ​အား​​ လည်ပင်း​​ကို ဓား​​ဖြင့်​​ ထိုး​​ကာ သတ်ဖြတ်ခဲ့​​ခြင်း​​ဖြစ်သည်။ ​​တောင်ကိုရီး​​ယား​​ ရဲတပ်ဖွဲ့​​က လူ​ငယ်၏ အမည်ကို ထုတ်​​ဖော် ​​ပြောဆိုခြင်း​​ မရှိ​​သော်လည်း​​ ဖြစ်စဉ် အ​​သေး​​စိတ်ကိုမူ​ ယွန်ဟပ် သတင်း​​ဌာနသို့​​ ဖွင့်​​ဟ​​ပြောကြား​​ခဲ့​​သည်။ အသက် ၅၁ နှစ်ရှိ မိခင်ဖြစ်သူ​သည် သား​​အား​​ စာ​​မေး​​ပွဲ ရမှတ်များ​​ ပိုမို​​ကောင်း​​မွန်​​စေရန် အတင်း​​အကျပ် ဖိအား​​​ပေး​​ကာ စာကျက်ခိုင်း​​ခဲ့​​သည်။ လူ​ငယ်၏ စာ​​မေး​​ပွဲ ရလဒ်များ​​ ​​ကောင်း​​မွန်​​သော်လည်း​​ မိခင်က မ​​ကျေနပ်ဘဲ အလွန်အကျွံ စာကျက်ခိုင်း​​ကာ တစ်ခါတရံ အစာမ​​ကျွေး​​ဘဲ ထား​​ခဲ့​​သလို တစ်ခါတရံ အိပ်ပင် ​​ပေး​​မအိပ်ခဲ့​​​ချေ။

တစ်နိုင်ငံလုံး​​ အတိုင်း​​အတာဖြင့်​​ စာ​​မေး​​ပွဲအဆင့်​​ သတ်မှတ်ချက်အရ ၄၀၀၀ တွင် ရှိ​​နေ​​သော လူ​ငယ်သည် သီး​​ခြား​​အစမ်း​​စာ​​မေး​​ပွဲ တစ်ခုတွင် လူ​ ရ၀၀၀၀ နှင့်​​အပြိုင် ​​ဖြေဆိုရာ အဆင့်​​ ၆၂ ချိတ်ခဲ့​​သည်။ သို့​​​သော်လည်း​​ ယင်း​​အ​​နေအထား​​ကို မိခင်ဖြစ်သူ​က မ​​ကျေနပ်နိုင်ဘဲ အတင်း​​ဖိအား​​​ပေး​​လွန်း​​ပြီး​​ သား​​ဖြစ်သူ​အား​​ ​​ဘေ့​​စ်​​ဘောတုတ်၊​ ​​ဂေါက်တံတို့​​ဖြင့်​​ ရိုက်နှက် ဆုံး​​မခဲ့​​သည်။ ထို့​​​နောက် ဆက်တိုက် ဆူ​ပူ​​​နေရာ သား​​ဖြစ်သူ​မှာ မိခင်ကို ​​ကြောက်လန့်​​လာခဲ့​​သည်။ သူ​မ၏ အသတ်မခံရမည့်​​​နေ့​​တွင် ​​ကျောင်း​​သို့​​သွား​​ကာ အ​​ရေး​​ဆိုရန် စီစဉ်​​နေသဖြင့်​​ လူ​ငယ်က လုပ်မိလုပ်ရာဖြင့်​​ မိခင်ကို သတ်လိုက်ခြင်း​​ဖြစ်​​ကြောင်း​​ သိရှိရသည်။

​​တောင်ကိုရီး​​ယား​​တွင် ​​ကျောင်း​​သား​​များ​​သည် ပညာသင်ကြား​​မှုတွင် ဖိအား​​များ​​စွာ ရှိ​​နေပြီး​​ အဆင့်​​မြင့်​​ ​​ကောလိပ်များ​​သို့​​ ဝင်ခွင့်​​ရရန် မိဘများ​​၏ အလွန်အမင်း​​ တိုက်တွန်း​​မှုများ​​တွင် အထူ​း​​သဖြင့်​​ ဒဏ်ခံရ​​လေ့​​ရှိ​​ကြောင်း​​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here