ခြေ​​ထောက်ကြီး​​သဖြင့်​​ မြာစွံသူ​ဖြစ်လာ​​ကြောင်း​​ ဗြိတိန်​​ခြေ​​ထောက်အကြီး​​ဆုံး​​လူ​ ​​ကြွေး​​​ကြော်

alt

​​ခြေ​​ထောက်ကြီး​​ခြင်း​​သည် မိမိအား​​ မြာစွံသူ​ ဖြစ်လာ​​စေ​​ကြောင်း​​ ကား​​လ်ဂရစ်ဖစ်က ​​ကြွေး​​​ကြော်လိုက်သည်။ အသက် ၁၉ နှစ်သာ ရှိ​​သေး​​​သော ဂရစ်ဖစ်သည် ဗြိတိန်တွင် ​​ခြေ​​ထောက်အကြီး​​ဆုံး​​ လူ​သား​​အဖြစ် မှတ်တမ်း​​ဝင်ထား​​သည်။

၎င်း​၏ ​​ခြေ​​ထောက် အရွယ်အစား​​မှာ ၂၁ ဖြစ်ပြီး​​ ဂရစ်ဖစ်က ၎င်း​သည် လက်ရှိအချိန်တွင် အမျိုး​​သမီး​​ ၃၀ မျှနှင့်​​ အိပ်စက်ပြီး​​ဖြစ်​​ကြောင်း​​ ကြွား​​ဝါခဲ့​​သည်။ ​​ဝေလ​​တောင်ပိုင်း​​တွင် ​​နေထိုင်​​သော ဂရစ်ဖစ်က “ကျွန်​​တော် ဒါကို ​​ပြောနိုင်ပါတယ်။ ကျွန်​​တော် အိပ်ခဲ့​​တဲ့​​ မိန်း​​မ​​ပေါင်း​​ ၃၀ ​​ကျော်သွား​​ပြီ။ သူ​တို့​​​တွေက ကျွန်​​တော့်​​ ​​ခြေ​​ထောက်​​တွေကို စိတ်ဝင်စား​​တယ်။ ကျွန်​​တော်က သူ​တို့​​ကို စိတ်ဝင်စား​​တယ်။ ဘယ်​​လောက် အဆင်​​ပြေလဲ”ဟု ​​ပြောဆိုသွား​​သည်။ ၎င်း​၏ ​​ခြေ​​ထောက်အရွယ်အစား​​ ၂၁ အရ ​​ခြေဖဝါး​​ အကျယ်သည် ၁၄.၅ လက်မထိ ရှိ​​နေသည်။

“​​ခြေ​​ထောက်​​တွေ ကြီး​​လာတာ သိပ်မြန်တယ်။ ကျွန်​​တော့်​​အသက် ၁၂ နှစ်က ​​ခြေ​​ထောက်အရွယ် ၁၄ ဖြစ်​​နေပြီ။ ​​နောက်​​တော့​​ ဘယ်​​လောက်မှ မကြာဘဲ အရွယ်အစား​​က ၁၇ ဖြစ်သွား​​တယ်။ ကျွန်​​တော် ရက်ဘီကစား​​ချင်တဲ့​​အခါ ဖိနပ်ဝယ်ရတာ​​တော့​​ ​​တော်​​တော်ခက်တယ်”ဟုလည်း​​ ၎င်း​ကဆိုသည်။ လက်ရှိတွင် အလုပ်အကိုင် မရှိ​​သေး​​​သော ဂရစ်ဖစ်သည် ဖိနပ်များ​​ကို အ​​မေရိကန်မှ သီး​​သန့်​​ မှာယူ​ရပြီး​​ ယင်း​​ကို တင်ပို့​​စရိတ်အတွက် တစ်ရန်လျင် ​​ပေါင်စတာလင် ၁၀၀ မျှ ကုန်ကျ​​နေ​​ကြောင်း​​လည်း​​ ညည်း​​ညူ​သွား​​ခဲ့​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here