ကမ္ဘာပျက်မည်ကို ယုကြည်​​ကြောက်ရွံ့​​သည့်​​ တရုတ်နိုင်ငံသား​​တစ်ဦး​​က ​​လှေကြီး​​တစ်စင်း​​ကြိုတင်​​ဆောက်လုပ်ထား​​

alt

၂၀၁၂ တွင် ကမ္ဘာပျက်မည်ကို ​​ကြောက်ရွံ့​​စိုး​​ရိမ်​​သော တရုတ်နိုင်ငံသား​​ တစ်ဦး​​သည် ကမ္ဘာပျက်ချိန်တွင် ၎င်း​ထွက်​​ပြေး​​ရန်အတွက် နိုအက်​​လှေကြီး​​ တစ်စင်း​​ကို ကြိုတင်စီစဉ် ​​ဆောက်လုပ်ထား​​​ကြောင်း​​ သိရှရသည်။

ကမ္ဘာပျက်မည်ဆို​​သော အယူ​အဆ​​ကြောင့်​​ ကမ္ဘာ​​ပေါ်တွင် အချို့​​သူ​များ​​ မိမိကိုယ်ကိုယ် ​​သေ​​ကြောင်း​​ကြံခဲ့​​သလို အချို့​​ကလည်း​​ ရှိသမျှ ​​ငွေ​​ကြေး​​အာလုံး​​ကို ဖြုန်း​​တီး​​မှုများ​​ ရှိ​​နေသည်။ သို့​​​သော်လည်း​​ ဟီနန်ရှိ လူ​ဟီမြို့​​တွင် ​​နေထိုင်​​သောသူ​ တစ်ဦး​​ကမူ​ ထိုထက်ပိုမို၍ အ​​ကောင်း​​မြင်​​သော နည်း​​လမ်း​​ကို သုံး​​ခဲ့​​သည်။ ၎င်း​သည် ဆီတိုင်ကီကြီး​​ တစ်ခုကို အလုံပိတ် ​​လှေတစ်စင်း​​အဖြစ် ယွမ်​​ငွေ နှစ်​​သောင်း​​​ကျော် အကုန်အကျခံ တည်​​ဆောက်ခဲ့​​သည်။

အဆိုပါ တိုင်ကီ​​လှေကြီး​​သည် ၈ မီတာရှည်ပြီး​​ ၂.၅ မီတာ ကျယ်ဝန်း​​သည်။ အတွင်း​​တွင် ​​လေအဝင်အထွက် ​​ကောင်း​​မွန်​​အောင် ဖန်တီး​​ထား​​ပြီး​​ ​​လေထထွက်​​ပေါက် ၃ ခုဖြင့်​​ ဖန်တီး​​ထား​​သည်။ ထို့​​အပြင် ပြူ​တင်း​​​ပေါက် ၃ ခု ပါရှိကာ လွယ်လွယ်ကူ​ကူ​ ​​ရွှေ့​​​ပြောင်း​​နိုင်ရန် ဘီး​​ ၆ ဘီး​​ပါ တပ်ဆင်ထား​​သည်။ ထို​​လှေကြီး​​တွင် လူ​ ၂၀ ထိ လိုက်ပါနိုင်မည်ဖြစ်ပြီး​​ သမ္မာကျမ်း​​စာလာ နိုအက်​​လှေကဲ့​​သို့​​ ထိုသူ​က သ​​ဘောထား​​ တည်​​ဆောက်ထား​​ခြင်း​​ဖြစ်သည်။ ထို့​​အပြင် အိပ်ခန်း​​၊​ ပစ္စည်း​​သို​​လှောင်ခန်း​​နှင့်​​ သန့်​​စင်ခန်း​​အဖြစ် အခန်း​​ ၃ ခုကို ခွဲခြား​​စီစဉ်ထား​​​ကြောင်း​​လည်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here