ပစိတ်ဖိတ်သမုဒ္ဒရာအတွင်း​​ တရုတ်​​ရေတပ် စစ်​​ရေး​​​လေ့​​ကျင့်​​မည်

alt

တရုတ်​​ရေတပ်သည် ပစိဖိတ် သမုဒ္ဒရာတွင် စစ်​​ရေး​​​လေ့​​ကျင့်​​မှုတစ်ခု ပြုလုပ်ရန် စီစဉ်​​နေ​​ကြောင်း​​ သိရှိရသည်။ တာဝန်ရှိသူ​များ​​က ယခုလအတွင်း​​ အဆိုပါ စစ်​​ရေး​​​လေ့​​ကျင့်​​မှုကို စတင်မည်ဟု Xinhua သတင်း​​ဌာနသို့​​ ​​ပြောကြား​​ခဲ့​​သည်။

ပြည်သူ​့​​လွတ်​​မြောက်​​ရေး​​ တပ်မ​​တော်၏ ​​ရေတပ်မကြီး​​သည် ပစိဖိတ် အ​​နောက်ပိုင်း​​တွင် စစ်​​ရေး​​​လေ့​​ကျင့်​​မှု ပြုလုပ်မည်ဟု အစိုး​​ရပိုင် အဆိုပါ သတင်း​​ဌာနက ​​ဖော်ပြခဲ့​​သည်။ သို့​​​သော်လည်း​​ ယခုစစ်​​ရေး​​ ​​လေ့​​ကျင့်​​မှု၏ ​​နောက်ကွယ်တွင် အခြား​​နိုင်ငံတစ်ခုခုကို ဦး​​တည်မှုနှင့်​​ အခြား​​​သော ရည်ရွယ်ချက်မျိုး​​ မပါရှိ​​ကြောင်း​​လည်း​​ တရုတ်အစိုး​​ရက ​​ကြေညာထား​​သည်။

“တရုတ်ရဲ့​​ ဥပ​​ဒေ​​ကြောင်း​​အရ လုပ်ပိုင်ခွင့်​​ရှိတဲ့​​ အ​​ခြေအ​​နေကို လုပ်​​ဆောင်တာပါ။ နိုင်ငံတကာ ​​ရေပြင်မှာ လွတ်လပ်စွာ ​​ရေတပ်ဖြတ်​​ကျော်ခွင့်​​ ရှိပါတယ်။ ဒါကို ဘာမှ အဟန့်​​အတား​​ လုပ်လို့​​ မရပါဘူ​း​​”ဟု တရုတ် ကာကွယ်​​ရေး​​ ဝန်ကြီး​​ဌာနက ​​ကြေညာသည်။ တရုတ်၏ ​​ရေတပ်အင်အား​​ တိုး​​ချဲ့​​မှုများ​​သည် အ​​ရှေ့​​အာရှ နိုင်ငံများ​​အတွက် စိုး​​ရိမ်စရာ အ​​ခြေအ​​နေ တစ်ခုလည်း​​ ဖြစ်လာသည်။ တရုတ်သည် ​​တောင်တရုတ်ပင်လယ် အ​​ရေး​​တွင် ​​ဒေသတွင်း​​ နိုင်ငံများ​​နှင့်​​ ဆက်ဆံ​​ရေး​​ တင်း​​မာမှုများ​​ ရှိ​​နေသည်။

BBC က အ​​မေရိကန် ပင်တာဂွန် စစ်ဌာနချုပ်၏ အဆိုကို ကိုး​​ကား​​ပြီး​​ တရုတ်၏ ​​ရေတပ်အင်အား​​သည် တစ်စထက်တစ်စ ​​တောင့်​​တင်း​​လာသည်ဟု ယူ​ဆရ​​ကြောင်း​​ ​​ဖော်ပြသွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here