Twilight မိန်က​​လေး​​ပရိသတ်များ​​ ဇာတ်ကား​​ထဲမှ မင်္ဂလာဝတ်စုံ ဝယ်ယူ​နိုင်မည်

alt

Twilight ဇာတ်ကား​​များ​​ကို စွဲလန်း​​နှစ်ခြိုက်စွာ အာ​​ပေး​​​နေသည့်​​ မိန်း​​က​​လေး​​ ပရိသတ်များ​​ အ​​နေနှင့်​​ သူ​မတို့​​၏ မင်္ဂလာပွဲတွင် Twilight ဇာတ်ကား​​ထဲမှ မင်္ဂလာ ဝတ်စုံကို ဆင်မြန်း​​နိုင်မည့်​​ အခွင့်​​အ​​ရေး​​အား​​ ပိုင်ဆိုင်လာ​​တော့​​မည် ဖြစ်သည်။

ဘယ်လာဆွမ်း​​အဖြစ် သရုပ်​​ဆောင်ခဲ့​​​သော မင်း​​သမီး​​ ခရစ္စတီယန် စတီး​​ဝပ်သည် Twilight ​​နောက်ဆုံး​​ဇာတ်လမ်း​​တွဲဖြစ်သည့်​​ Breaking Dawnတွင် အဖြူ​​​ရောင် ကြွရွလှပ​​နေ​​သော မင်္ဂလာ ဝတ်စုံကို ဆင်မြန်း​​ခဲ့​​သည်။ အဆိုပါ ဝတ်စုံသည် မိန်း​​က​​လေး​​ ပရိသတ်များ​​ နှစ်သက်စိတ်ကူ​း​​ယဉ်ရသည့်​​ မင်္ဂလာဝတ်စုံလည်း​​ ဖြစ်လာသည်။ ယင်း​​ဝတ်စုံကို ဖန်တီး​​ခဲ့​​သည့်​​ နယူ​း​​​ယောက်မြို့​​သူ​ ဒီဇိုင်နာ ဟာရဲရာက ​​နောက်နှစ်​​နွေရာသီတွင် အဆိုပါ ဝတ်စုံများ​​ကို စတင်​​ရောင်း​​ချသွား​​မည်ဟု ​​ကြေညာခဲ့​​သည်။

“Twilightမှာ ကျွန်မဝတ်စုံကို သုံး​​ခဲ့​​တာဟာ ချီး​​​မြှောက်မှု တစ်ခုပါ။ ဒါ​​ပေမဲ့​​ ကျွန်မရဲ့​​ ဝတ်စုံဟာ သတို့​​သမီး​​​တွေအတွက် စိတ်ကူ​း​​ယဉ်စရာ တစ်ခုလို့​​ ​​မျှော်လင့်​​ပြီး​​သား​​ပါ။ သိပ်ကို ပဥ္စလက်ဆန်တဲ့​​၊​ လှပတဲ့​​ လက်​​ဆောင်​​ကောင်း​​​လေး​​ တစ်ခုအ​​နေနဲ့​​​ပေါ့​​”ဟု ဟာရာရာက ​​ပြောကြား​​သွား​​သည်။ သူ​မက စတီး​​ဝပ်သည် မင်္ဂလာဝတ်စုံကို ဆင်မြန်း​​လိုက်ချိန်တွင် အလွန်လိုက်ဖက် လှပ​​နေခဲ့​​​ကြောင်း​​လည်း​​ ချီး​​ကျူ​း​​​ပြောဆိုသွား​​ခဲ့​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here