​​တောင်အာဖရိကမှ ​​ကျောင်း​​ဆရာ တပည့်​​များ​​​ရှေ့​​၌ပင် အသတ်ခံရ

alt

​​တောင်အာဖရိကနိုင်ငံတွင် မူ​​လတန်း​​​ကျောင်း​​ တစ်​​ကျောင်း​​မှ ​​ကျောင်း​​ဆရာ တစ်ဦး​​သည် ​​ကျောင်း​​သူ​​​​ကျောင်း​​သား​​​လေး​​များ​​ ​​ရှေ့​​တွင်ပင် သတ်ဖြတ်ခြင်း​​ ခံခဲ့​​ရ​​ကြောင်း​​ သိရှိရသည်။ ယခုသီတင်း​​ပတ် အ​​စောပိုင်း​​က အသက် ၅၃ နှစ်ရှိ ဂီ​​ဖော့​​ရှာပိုသည် မာဆီ​​လောင်ရှိ မူ​​လတန်း​​​ကျောင်း​​တွင် စာသင်​​နေစဉ် ​​တောခုတ်ဓား​​ တစ်လက်ဖြင့်​​ ခုတ်သတ်ခြင်း​​ ခံခဲ့​​ရခြင်း​​ဖြစ်သည်။

ပိုလိုဝါနီမြို့​​တွင် ဖြစ်ပွား​​ခဲ့​​​သော အဆိုပါ လူ​​သတ်မှုတွင် ​​ကျောင်း​​သား​​ငယ် အများ​​အပြား​​ မျက်မြင်သက်​​သေအဖြစ် ရှိ​​နေသည်။ ရှာပိုသည် ​​ကျောင်း​​သား​​များ​​အား​​ စာ​​မေး​​ပွဲအတွက် အ​​ရေး​​ကြီး​​​သော အချက်များ​​ကို အကြံပြု ​​ဆွေး​​​နွေး​​​နေစဉ် သတ်ခံရခြင်း​​ဖြစ်သည်။ ၎င်း​၏ အသက် ၄၀ အရွယ် ညီဖြစ်သူ​​အား​​ ရဲများ​​က စွဲချက်တင်ထား​​သည်။ သို့​​​သော်လည်း​​ လူ​​သတ်မှု ဖြစ်ရခြင်း​​၏ အ​​သေး​​စိတ် အ​​ကြောင်း​​ရင်း​​ကိုမူ​​ ​​တောင်အာဖရိက ရဲတပ်ဖွဲ့​​က ​​ကြေညာချက် မထုတ်ပြန်​​သေး​​​ချေ။

​​ကျောင်း​​အုပ်ကြီး​​ နိုကို မိုဘီလိုက “​​ကျောင်း​​သား​​​တွေ ​​ကြောက်လန့်​​တကြား​​ ​​အော်တဲ့​​အသံ​​ကြောင့်​​ ကျွန်​​တော်တို့​​ အ​​ပြေး​​အလွှား​​ သွား​​ကြည့်​​ခဲ့​​ပါတယ်။ ​​နောက်​​တော့​​ အဲဒီမှာ ရှိ​​နေတဲ့​​ လူ​​သတ်တရား​​ခံကို လက်ရဖမ်း​​ဆီး​​နိုင်ခဲ့​​တယ်”ဟု သတင်း​​​ထောက်များ​​အား​​ ​​ပြောကြား​​သွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here