က​​လေး​​များ​​၏မဖွယ်မရာပုံများ​​ကို လျှို့​​ဝှက်ဗီဒီယိုရိုက်သည့်​​ မူ​ကြို​​ကျောင်း​​အုပ်အား​​ ​​ထောင်ဒဏ် နှစ် ၃၀ ချမှတ်

alt

က​​လေး​​များ​​၏ မဖွယ်မရာ ပုံရိပ်များ​​ကို လျှို့​​ဝှက်စွာ ဗီဒီယို ရိုက်ထား​​သည့်​​ မူ​ကြို​​ကျောင်း​​အုပ်​​ဟောင်း​​ တစ်ဦး​​ကို ​​ထောင်ဒဏ် နှစ်​​ပေါင်း​​ ၃၀ ချမှတ်လိုက်​​ကြောင်း​​ သိရှိရသည်။ ၎င်း​သည် ​​ယောက်ျား​​​လေး​​ငယ် တစ်ဒါဇင်ခန့်​​၏ ​​ရေချိုး​​ခန်း​​အတွင်း​​ ရှိ​​နေ​​သော ပုံများ​​ကို ခိုး​​ဝှက်ရိုက်ယူ​ထား​​ခဲ့​​သည်။

အ​​မေရိကန်၏ ပြည်နယ်ဆိုင်ရာ တရား​​သူ​ကြီး​​ လင်ဒါရီဒီက ဆီဂီ​​ဗေး​​မှ ​​ကျောင်း​​အုပ်​​ဟောင်း​​ ​​ရောဘတ်ဘရုကီကို ​​ထောင်ဒဏ် နှစ်​​ပေါင်း​​ ၃၀ ချမှတ်​​ကြောင်း​​ အတည်ပြု ​​ပြောကြား​​ခဲ့​​သည်။ အသက် ၄၃ နှစ်ရှိ ဘရုကီသည် က​​လေး​​သူ​ငယ် လိင်မှုပုံရိပ်များ​​ တရား​​မဝင် ခိုး​​၍ ရိုက်ထား​​မှုဖြင့်​​ ဩဂုတ်လက စွဲချက်တင်ခံရသည်။ ၎င်း​သည် က​​လေး​​များ​​၏ မဖွယ်မရာပုံ ၃၂၀၀၀ ​​ကျော်နှင့်​​ ဗီဒီယို ၁၂၀၀၀ ​​ကျော်ကိုလည်း​​ စု​​ဆောင်း​​ထား​​​ကြောင်း​​ FBI​​ အေး​​ဂျင့်​​များ​​က ဆိုသည်။

ဘရုကီသည် ၎င်း​၏​​ကျောင်း​​မှ ​​ကျောင်း​​သား​​ငယ်များ​​ကို ​​ချောင်း​​​မြောင်း​​ရိုက်ကူ​း​​ထား​​ခြင်း​​ဖြစ်သည်။ ၎င်း​သည် ​​ကျောင်း​​​ရေချိုး​​ခန်း​​ထဲတွင် ကင်မရာများ​​ ခိုး​​ဝှက်တပ်ဆင်ထား​​ကာ ဗီဒီယိုများ​​ ရိုက်ယူ​ပြီး​​ စုစည်း​​ထား​​ခြင်း​​ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here