IPhone 4S အား​​ စိတ်ပျက်သူ​များ​​လာ

alt

Apple၏ ​​နောက်ဆုံး​​ထုတ် မိုဘိုင်း​​ဖုန်း​​ အမျိုး​​အစား​​သစ်ဖြစ်​​သော iPhone 4Sနှင့်​​ ပတ်သက်ပြီး​​ စိတ်ပျက်​​နေသူ​ အ​​ရေအတွက်သည် တစ်စထက်တစ်စ တိုး​​ပွား​​လာ​​ကြောင်း​​ သိရသည်။ နည်း​​ပညာမြင့်​​ မိုဘိုင်း​​ဖုန်း​​နှင့်​​ ပတ်သက်ပြီး​​ ဝယ်ယူ​သုံး​​စွဲသူ​ အား​​လုံး​​၏ ၅ ပုံ ၁ ပုံမျှသည် အလိုမကျ​​ကြောင်း​​ လူ​​​ပေါင်း​​ ၁၆၉၄ ဦး​​၏ သ​​ဘောထား​​ကို ​​ကောက်ခံ​​မေး​​မြန်း​​​သော စစ်တမ်း​​က ​​ဖော်ထုတ်​​တွေ့​​ရှိခဲ့​​သည်။

ထိုသူ​များ​​အနက် ၄၃ ရာခိုင်နှုန်း​​က အခြား​​​သော တံဆိပ်ဖြင့်​​ မိုဘိုင်း​​ဖုန်း​​ ကိုင်​​ဆောင်သူ​များ​​အ​​ပေါ် မနာလို ဖြစ်မိ​​ကြောင်း​​ ဝန်ခံခဲ့​​သည်။ iPhone 4Sတွင် ဘက်ထရီ အဆင်မ​​ပြေမှု အပါအဝင် အား​​နည်း​​ချက်များ​​ ရှိ​​နေခြင်း​​​ကြောင့်​​ Appleအ​​နေနှင့်​​ ​​စောဒကတက်မှုများ​​ ခံ​​နေရသည်။ စစ်တမ်း​​တွင် ပါဝင်​​သောသူ​ ရ၃ ရာခိုင်နှုန်း​​က ဖုန်း​​နှင့်​​ ပတ်သက်ပြီး​​ မ​​ကျေနပ်စရာ တစ်ခုခုရှိ​​နေ​​ကြောင်း​​ ဖွင့်​​ဟခဲ့​​သည်။ ယခုစစ်တမ်း​​အတွက် Onlineမှ သ​​ဘောထား​​ ​​ကောက်ယူ​မှုများ​​၊​ အပြန်အလှန် ဗဟုသုတ ဖလှယ်မှုများ​​၊​ သတင်း​​အချက်အလက် ရယူ​မှုများ​​အ​​ပေါ်တွင်လည်း​​ အ​​ခြေခံ တွက်ချက်ခဲ့​​သည်။

iPhoneအသုံး​​ပြုသူ​များ​​အနက် Google၏ Android OSကို အသုံး​​ပြုသည့်​​ မိုဘိုင်း​​ဖုန်း​​ ကိုင်​​ဆောင်သူ​များ​​ကို အား​​ကျမှုများ​​လည်း​​ ရှိ​​နေ​​ကြောင်း​​ သိရှိရသည်။ iPhone 4Sသည် ယခုအခါ အလုံး​​​ရေ ၄ သန်း​​ထက်မနည်း​​ ​​ရောင်း​​ချထား​​ပြီး​​ဖြစ်​​ကြောင်း​​လည်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here