မ​​လေး​​ရှား​​ထုတ် လိင်လှံု့​​​​ဆော်ပစ္စည်း​​များ​​​ကြောင့်​​​ အိန္ဒိယနိုင်ငံတွင် လိင်ကိစ္စ​​ပျော်ပါး​​မှုပိုများ​​လာ

alt

မ​​လေး​​ရှား​​နိုင်ငံတွင် ထုတ်လုပ်​​သော လိင်နှင့်​​​ပတ်သက်သည့်​​​ လှံု့​​​​ဆော်ပစ္စည်း​​များ​​​ကြောင့်​​​ အိန္ဒိယနိုင်ငံ၊​ ကာရာလာ​​ဒေသတွင် ညဘက်ကျက်စား​​သည့်​​​ ညဉ့်​​​​ပျော်များ​​ ပိုမိုများ​​ပြား​​လာ​​ကြောင်း​​ ​​ဒေသဆိုင်ရာ တာဝန်ရှိသူ​များ​​က ​​ပြောကြား​​ခဲ့​​​သည်။ ကာရာလာတွင် မ​​လေး​​ရှား​​မှ တရား​​မဝင် ဝင်​​ရောက်လာသည့်​​​ ဂျယ်များ​​၊​ တိုင်း​​ရင်း​​​ဆေး​​​တောင့်​​​များ​​၊​ လိင်အား​​တိုး​​​ဆေး​​များ​​စသဖြင့်​​​ ပစ္စည်း​​အမျိုး​​မျိုး​​တို့​​​ ​​ရောက်ရှိလာခဲ့​​​သည်။

အိန္ဒိယ​​တောင်ပိုင်း​​ ပြည်နယ်မှ တာဝန်ရှိသူ​များ​​က အဆိုပါ ကိစ္စကို တား​​ဆီး​​ရန် ခက်ခဲ​​နေ​​ကြောင်း​​ ဝန်ခံခဲ့​​​သည်။ ချမ်း​​သာကြွယ်ဝ​​သော ​​ဒေသခံများ​​သည် လိင်မှုဘဝ သာယာမှုကို မြှင့်​​​တင်ရန်အတွက် အ​​ကောင်း​​ဆုံး​​ ပစ္စည်း​​များ​​ ဝယ်ယူ​သုံး​​စွဲ​​နေသလို လက်လုပ်လက်စား​​များ​​ကလည်း​​ တရား​​မဝင် အညံ့​​​စား​​ ပစ္စည်း​​များ​​ကို သုံး​​စွဲ​​နေရာ ​​ဘေး​​ထွက်ဆိုး​​ကျိုး​​များ​​ ရှိလာမည်ကို တာဝန်ရှိသူ​များ​​က စိုး​​ရိမ်​​နေခြင်း​​ဖြစ်သည်။ ၈ ဂရမ် အ​​လေး​​ချိန်ရှိ​​သော ​​ယောက်ျား​​ လိင်နှိုး​​ဆွသည့်​​​ ဂျယ်များ​​ကို အိန္ဒိယ​​ငွေ ရူ​ပီး​​ ၃၀၀၀ မျှဖြင့်​​​ ​​ရောင်း​​ချမှုများ​​ ရှိ​​နေသည်။ “ကာလာရာမှ လိင်နဲ့​​​ပတ်သက်တဲ့​​​ ပစ္စည်း​​​တွေ၊​ ​​ဆေး​​ဝါး​​​တွေ ဝယ်လိုအား​​က မြင့်​​​တက်လာတာ အမှန်ပါ။

ဒါက လိုအပ်ချက်လည်း​​ ဖြစ်ပါတယ်။ အ​​ထောက်အကူ​လည်း​​ ဖြစ်ပါတယ်”ဟု ​​ရောင်း​​ချသူ​ တစ်ဦး​​ကဆိုသည်။ မ​​လေး​​ရှား​​နိုင်ငံမှ ဆိပ်ကမ်း​​များ​​တွင် ကာလာရာသို့​​​ ထွက်ခွာမည့်​​​ သ​​င်္ဘောများ​​​ပေါ်သို့​​​ အဆိုပါ ​​ဆေး​​ဝါး​​ပစ္စည်း​​များ​​ကို တရား​​မဝင် ထည့်​​​သွင်း​​ပို့​​​​ဆောင်လိုက်​​လေ့​​​ရှိ​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here