ရုပ်ဆိုး​​​သော မိန်း​​က​​လေး​​များ​​နှင့်​​​ချိန်း​​ဆို​​ပေး​​သည့်​​​ Dating ဝန်​​ဆောင်မှုအား​​ တရား​​စွဲဆို

alt

တရုတ်နိုင်ငံမှ လူ​ပျို တစ်ဦး​​သည် ၎င်း​အား​​ ရုပ်ဆိုး​​​သော မိန်း​​က​​လေး​​များ​​နှင့်​​​ ချိန်း​​ဆို​​ပေး​​သည့်​​​အတွက် Dating ဝန်​​ဆောင်မှု ကုမ္ပဏီတစ်ခုအား​​ တရား​​စွဲဆိုလိုက်​​ကြောင်း​​ သိရှိရသည်။ အသက် ၂၇ နှစ်ရှိ လီဇင်း​​သည် Datingဝက်ဆိုက်တိုက်ခု ထူ​​​ထောင်ထား​​​သော ​​အေဂျင်စီ တစ်ခုသည် ရယူ​ထား​​​သော ​​ငွေ​​ကြေး​​နှင့်​​​ ထိုက်တန်မှု မရှိ​​သော ဝန်​​ဆောင်မှုကို ​​ပေး​​အပ်ခဲ့​​​သည်ဟု စွပ်စွဲခဲ့​​​သည်။

The Mirror၏ အဆိုအရ လီသည် ပြန်အမ်း​​​ငွေအပြင် လိမ်လည်မှုကို ခံရသည့်​​​အတွက် နစ်နာ​​ကြေး​​ပါ ​​တောင်း​​ဆိုထား​​​ကြောင်း​​ သိရှိရသည်။ ဟူ​ဘိုင်တွင် အ​​ခြေစိုက်သည့်​​​ အဆိုပါ ဝန်​​ဆောင်မှု လုပ်ငန်း​​ကမူ​ မိမိတို့​​​ဘက်မှ အမှား​​မရှိ​​ကြောင်း​​ တုံ့​​​ပြန်ထား​​သည်။ Dating ဝန်​​ဆောင်မှု ​​အေဂျင်စီမှ တာဝန်ရှိသူ​ တစ်ဦး​​က “ကျွန်​​တော်တို့​​​ သူ​့​​​အတွက် သင့်​​​​တော်တယ်ထင်တဲ့​​​ မိန်း​​က​​လေး​​​တွေကို ​​ရွေး​​ချယ်ပြီး​​ ​​စေလွှတ်​​ပေး​​ခဲ့​​​ပါတယ်။

သူ​သိသင့်​​​တာက သူ​ဟာ ရုပ်ရှင်မင်း​​သား​​ တစ်​​ယောက်မဟုတ်ပါဘူ​း​​။ ကျွန်​​တော်တို့​​​ သူ​့​​​အတွက် အဆင်​​ပြေမယ့်​​​ သတို့​​​သမီး​​​လောင်း​​ တစ်​​ယောက်ကို ရှာ​​ပေး​​​နေတုန်း​​ပါ”ဟု ​​ပြောကြား​​ခဲ့​​​သည်။ အဆိုပါ အမှုကို တရုတ်တရား​​ရုံး​​က လက်ခံ ကြား​​နာသွား​​မည်ဖြစ်​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here