​​​သေဆုံး​​​သွား​​​သူ​၏ လက်စွပ်ကိုသုံး​​​ပြီး​​​ ချစ်သူ​အား​​​ လက်ထပ်ခွင့်​​​​တောင်း​​​သည့်​​ လူ​သတ်သမား​​​

alt

အ​​​မေရိကန် နိုင်ငံတွင် လူ​သတ်သမား​​​ တစ်ဦး​​​သည် ၎င်း​​သတ်ပစ်ခဲ့​​သူ​ လက်မှ လက်စွပ်ဖြင့်​​ ချစ်သူ​အား​​​ လက်ထပ်ခွင့်​​ ​​​တောင်း​​​ခဲ့​​​​ကြောင်း​​​ သိရှိရသည်။ ချီကာဂိုမှ အသက် ၃၆ နှစ်အရွယ် ​​​ရေမွန်ဟား​​​ရစ်သည် ပြီး​​​ခဲ့​​သည့်​​လက အသက် ရ၃ နှစ်အရွယ် သူ​နာပြု​​​ဟောင်း​​​ ဗာဂျာနီယာ ပါရီလိုအား​​​ တိုက်ခိုက်ကာ လက်စွပ်များ​​​ကို လုယူ​ခဲ့​​သည်။

ပါရီလိုအား​​​ ​​​ဆေး​​​ရုံသို့​​ တင်ပို့​​ခဲ့​​​​သော်လည်း​​​ ဦး​​​​​နှောက် ​​​သေဆုံး​​​​​နေပြီဟု ဆရာဝန်များ​​​က အတည်ပြုခဲ့​​သည်။ ၂ ရက်အကြာတွင် ပါရီလို ကွယ်လွန်ခဲ့​​သည်။ ဟား​​​ရစ်သည် ပါရီလို၏ လက်မှ လက်စွပ်နှစ်ကွင်း​​​ကို ချွတ်ယူ​သွား​​​ပြီး​​​ သူ​ငယ်ချင်း​​​ တစ်ဦး​​​၏ ပါတီပွဲတွင် အများ​​​​​ရှေ့​​​​မှောက်မှာပင် ချစ်သူ​အား​​​ လက်ထပ်ခွင့်​​ ပန်ခဲ့​​သည်။ ရဲများ​​​သည် ​​​သွေး​​​စွန်း​​​​​နေ​​​သော လက်ပတ်နာရီ တစ်လုံး​​​ကို ပါရီလို၏ ကား​​​အတွင်း​​​ ​​​တွေ့​​ရှိပြီး​​​​​နောက် ​​​ခြေရာခံ စုံစမ်း​​​မှုများ​​​ ပြုလုပ်ကာ ဟား​​​ရစ်ကို မသင်္ကာမှုဖြင့်​​ ဖမ်း​​​ဆီး​​​ခဲ့​​သည်။ ​​​နောက်ပိုင်း​​​တွင် DNAစစ်​​​ဆေး​​​မှုများ​​​အရ ဟား​​​ရစ်အ​​​နေနှင့်​​ ပါရီလိုကို သတ်ဖြတ်​​​ကြောင်း​​​ ထင်ရှား​​​​​သော အ​​​ထောက်အထား​​​များ​​​ ​​​ပေါ်ထွက်လာခဲ့​​သည်။

ဟား​​​ရစ်သည် ယခင်ကတည်း​​​က ပြစ်မှု​​​ဟောင်း​​​များ​​​ ရှိသူ​ဖြစ်ပြီး​​​ လူ​သတ်ရန် ကြိုး​​​စား​​​မှုအတွက် ​​​ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရပြီး​​​ ​​​လျှော့​​ရက်ဖြင့်​​ ၁၃ နှစ်အကြာတွင် လွတ်​​​မြောက်လာဖူ​း​​​သူ​ဖြစ်​​​ကြောင်း​​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here