ဖခင်နှင့်​လိင်ဆက်ဆံသည့်​ စင်္ကာပူ​အမျိုး​သမီး​ ​ထောင်ဒဏ်ကျခံရဖွယ်ရှိ

alt

စင်္ကာပူ​နိုင်ငံမှ အမျိုး​​သမီး​​ တစ်ဦး​​သည် ဖခင်အရင်း​​နှင့်​​ လိင်ဆက်ဆံခဲ့​​​ကြောင်း​​ ဝန်ခံလိုက်ပြီး​​​နောက် ​​ထောင်ဒဏ် ကျခံရဖွယ် ရှိ​​နေ​​ကြောင်း​​ သိရသည်။ သူ​မ၏ ဖခင်သည် သမီး​​ဖြစ်သူ​နှင့်​​ လိင်ဆက်ဆံမှုဖြင့်​​ ​​ထောင်ဒဏ် ကျခံ​​နေရပြီး​​ ၉ လအကြာတွင် မိန်း​​က​​လေး​​ကပါ ဝန်ခံခဲ့​​ခြင်း​​ဖြစ်သည်။

အသက် ၂၄ နှစ်ရှိ မိန်း​​က​​လေး​​၏ ဝန်ခံမှု​​ကြောင့်​​ သူ​မသည် စင်္ကာပူ​တွင် အလား​​တူ​ ကိစ္စအတွက် ပထမဆုံး​​အကြိမ် ပြစ်ဒဏ်ကျခံရမည့်​​ မိန်း​​က​​လေး​​ ဖြစ်လာသည်။ မိန်း​​က​​လေး​​အား​​ အသက် ၄၆ နှစ်အရွယ် ဖခင်ကို လိင်ဆက်ဆံရန် ခွင့်​​ပြုမှုဖြင့်​​ စင်္ကာပူ​ တရား​​ရုံး​​က တရား​​စွဲဆိုခဲ့​​ခြင်း​​ဖြစ်သည်။ သူ​မနှင့်​​ ဖခင်ဖြစ်သူ​တို့​​သည် ၂၀၀၈ ခုနှစ်၊​ ဧပြီလက ဆီရန်ဂွန်း​​ရှိ တိုက်ခန်း​​ထဲတွင် ကာမစပ်ယှက်မှု ပြုလုပ်ခဲ့​​ခြင်း​​ဖြစ်သည်။

သတင်း​​များ​​က မိန်း​​က​​လေး​​နှင့်​​ ဖခင်တို့​​၏ အမည်များ​​ကို တရား​​ရုံး​​၏ ကန့်​​သတ် ပိတ်ပင်မှု​​ကြောင့်​​ အတိအလင်း​​ ​​ဖော်ပြမှု မရှိခဲ့​​ဟုလည်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here