တရုတ်မင်း​​သမီး​​ရှုကြည် အနုပညာလုပ်ငန်း​​များ​​မှ ​​ခေတ္တအနား​​ယူ​​မည်

alt

တရုတ် နာမည်ကြီး​​ ရုပ်ရှင်မင်း​​သမီး​​ ရှုကြည်သည် အနုပညာ လုပ်ငန်း​​များ​​မှ ​​ခေတ္တ အနား​​ယူ​​ရန် စီစဉ်​​နေ​​ကြောင်း​​ သိရှိရသည်။ သူ​​မသည် ဆယ်စုနှစ် တစ်ခု​​ကျော်မျှ သရုပ်​​ဆောင် အလုပ်ကို ဆက်တိုက် လုပ်ကိုင်လာပြီး​​​နောက် အချိန် အပိုင်း​​အခြား​​ တစ်ခုမျှ အလုပ်ဖိစီး​​မှုများ​​မှ ရုန်း​​ထွက်ရန် စဉ်း​​စား​​​နေခြင်း​​ဖြစ်သည်။

သူ​​မသည် James Bondဇာတ်ကား​​၏ ​​နောက်ဆုံး​​ရိုက်ကူ​​း​​မည့်​​ Skyfallတွင် ပြင်သစ်မင်း​​သမီး​​ ဘာရာနီကာ မာလိုဟီကို ​​ခေါင်း​​​ဆောင်တင်မည်ဟု မ​​ကြေညာမီက ထိုဇာတ်ကား​​တွင် ပါဝင်ခွင့်​​ရမည့်​​သူ​​အဖြစ် ​​ရေပန်း​​စား​​ခဲ့​​​သေး​​သည်။ သူ​​မက ယင်း​​ဇာတ်ရုပ်ကို စိတ်ဝင်စား​​မှု မရှိသလို လတ်တ​​လောတွင် အဓိက စဉ်း​​စား​​​နေသည်မှာ အနုပညာ ​​လောကမှ အချိန်ပိုင်း​​မျှ အနား​​ယူ​​​​နေရန်ဖြစ်​​ကြောင်း​​ ဖွင့်​​ဟခဲ့​​သည်။ “သတင်း​​ကြီး​​ခဲ့​​တာ​​တွေကို ​​မေ့​​ထား​​လိုက်ပါ။ ကျွန်မ ဒီအနုပညာ ရပ်ဝန်း​​မှာ ကျင်လည်​​နေတာ ၁၀ နှစ်​​လောက် ရှိခဲ့​​ပြီ။ ခု​​တော့​​ ကျွန်မ ခဏတဖြုတ် နား​​သင့်​​ပြီလို့​​ ခံစား​​ရပါတယ်”ဟု ရှုကြည်က ​​ပြောကြား​​သွား​​သည်။

သူ​​မသည် အနည်း​​ဆုံး​​ ၆ လမျှ ရိုက်ကွင်း​​များ​​နှင့်​​ ကင်း​​ကင်း​​​နေရန် ရည်ရွယ်ထား​​​ကြောင်း​​လည်း​​ သိရှိရသည်။ အသက် ၃၅ နှစ်ရှိ မင်း​​သမီး​​က သူ​​မအ​​နေနှင့်​​ ရုပ်ရှင်မရိုက်​​သောအခါ ဝင်​​ငွေ ထိခိုက်နိုင်​​သော်လည်း​​ သူ​​မ၏ ​​ငွေ​​ရေး​​​ကြေး​​​ရေး​​အတွက် စိတ်ပူ​​​​နေစရာ မရှိ​​တော့​​ဟု အရွှမ်း​​​ဖောက် ​​ပြောဆိုသွား​​ခဲ့​​​သေး​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here