ရုရှား​တွင် အိမ်သာလုရင်း​​ လူ​သတ်မှုဖြစ်ပွား​​

alt

ရုရှား​​နိုင်ငံမှ လူ​တစ်ဦး​​သည် အိမ်သာလုရင်း​​ လူ​သတ်မှု ကျူ​း​​လွန်ခဲ့​​​ကြောင်း​​ သိရှိရသည်။ ၎င်း​သည် အိမ်နီး​​ချင်း​​ တစ်ဦး​​နှင့်​​ အိမ်သာ မျှ​​ဝေ သုံး​​စွဲ​​နေသူ​ဖြစ်ပြီး​​ မည်သူ​့​​အလှည့်​​ ဖြစ်သည်ကို အပြိုင်အဆိုင် အငြင်း​​ပွား​​ပြီး​​​နောက် အိမ်နီး​​ချင်း​​ကို ​​သေနတ်ဖြင့်​​ ပစ်သတ်ခဲ့​​ခြင်း​​ဖြစ်သည်။

အသက် ၃၇ နှစ်ရှိ အဆိုပါ ပုဂ္ဂိုလ်သည် ၄၉ နှစ်အရွယ် အိမ်နီး​​ချင်း​​အား​​ သတ်ဖြတ်မှုအတွက် ဝန်ခံခဲ့​​ပြီး​​​နောက် ​​ထောင်ဒဏ်နှစ်ရှည် ကျခံရဖွယ် ရှိ​​နေသည်။ ​​မော်စကို အ​​ရှေ့​​ဘက် တိုက်ခန်း​​တန်း​​လျား​​ တစ်ခုတွင် ​​နေထိုင်​​သော ထိုသူ​က မိမိနှင့်​​ အိမ်နီး​​ချင်း​​တို့​​သည် အိမ်သာ အသုံး​​ပြုမည့်​​ ကိစ္စအတွက် အ​​ခြေအတင် အငြင်း​​ပွား​​ခဲ့​​ပြီး​​​နောက် အိမ်နီး​​ချင်း​​အား​​ ​​သေနတ်ဖြင့်​​ ပစ်သတ်ခဲ့​​​ကြောင်း​​ ရဲများ​​ထံ ​​ဖြောင့်​​ချက်​​ပေး​​ခဲ့​​သည်။ ထိုသူ​သည် ​​မော်စကိုမှ ကီလိုမီတာ ၁၀၀ မျှ အကွာထိ ထွက်​​ပြေး​​သွား​​နိုင်​​သော်လည်း​​ ရဲများ​​က လက်ရ ဖမ်း​​ဆီး​​နိုင်ခဲ့​​သည်။

ရဲတပ်ဖွဲ့​​သည် ထိုကိစ္စကို လူ​သတ်မှုအဖြစ် စွဲချက်တင်ရန် ပြင်ဆင်​​နေပြီး​​ AFPသတင်း​​ဌာနကမူ​ ဖြစ်စဉ် အ​​သေး​​စိတ်ကို ​​ခြေရာခံ စုံစမ်း​​​နေဆဲသာဖြစ်​​ကြောင်း​​ ​​ဖော်ပြသွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here