ပြည့်​​​တန်ဆာအား​​​​ ဟိုတယ်ပြူ​တင်း​​​​​​​ပေါက်မှ ပစ်ချသည့်​​​ ဗြိတိန်နိုင်ငံသား​​​​ ​​​​ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရဖွယ်ရှိ

alt

ပြည့်​​​တန်ဆာ တစ်ဦး​​​​ကို ဟိုတယ်ပြူ​တင်း​​​​​​​ပေါက်မှ ပစ်ချခဲ့​​​သည့်​​​အတွက် ဗြိတိန်နိုင်ငံသား​​​​တစ်ဦး​​​​ ​​​​ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရမည့်​​​ အ​​​​ခြေအ​​​​နေနှင့်​​​ ကြံု​​​​နေရသည်။ ဒူ​ဘိုင်း​​​​ရှိ ဟိုတယ်တစ်လုံး​​​​တွင် ​​​​ပေ ၂၀ အမြင့်​​​မှ ပြုတ်ကျခဲ့​​​သည့်​​​ မိန်း​​​​က​​​​လေး​​​​သည် ​​​​နောက်​​​​ကျောဒဏ်ရာ ဆိုး​​​​ဆိုး​​​​ရွား​​​​ရွား​​​​ ရရှိသွား​​​​သည်။

အသက် ၃၇ နှစ်ရှိ ဆာလက်စမန် ဇူ​ဘာရီ အလီသည် နာကျင်မှုများ​​​​ ခံစား​​​​​​​နေရပြီး​​​​ မျက်ရည်လည်ရွဲဖြစ်​​​​နေသည့်​​​ ပြည့်​​​တန်ဆာ မိန်း​​​​က​​​​လေး​​​​က Receptionဌာနထဲသို့​​​ ဝင်​​​​ရောက် တိုင်တန်း​​​​သည့်​​​အခါ အဖမ်း​​​​ခံခဲ့​​​ရသည်။ ယူ​ကရိန်း​​​​သူ​ မိန်း​​​​က​​​​လေး​​​​က သူ​မ၏ ​​​​ငွေသား​​​​ ၈၅ ​​​​ပေါင် အဖိုး​​​​အခ ​​​​တောင်း​​​​ခံမှုကို အလီက ရန်လုပ်ကာ တိုက်ခိုက်ခဲ့​​​​​​ကြောင်း​​​​ ရဲများ​​​​ထံ တိုင်ကြား​​​​ခဲ့​​​သည်။ သူ​မတို့​​​နှစ်ဦး​​​​သည် လိင်ဆက်ဆံ​​​​နေစဉ် ​​​​ငွေ​​​​ကြေး​​​​ကိစ္စ အချင်း​​​​များ​​​​ပြီး​​​​​​​နောက် မိန်း​​​​က​​​​လေး​​​​က အလီနှင့်​​​ တစ်ဝက်တစ်ပြတ် ဇာတ်လမ်း​​​​ဖြတ်ခဲ့​​​သည်။ အလီက ​​​​ငွေတိုး​​​​​​​ပေး​​​​ရန် သ​​​​ဘောတူ​ခဲ့​​​​​​သော်လည်း​​​​ သူ​မက ငြင်း​​​​ဆိုခဲ့​​​ရာ အလီက ​​​​ဒေါသတကြီး​​​​ဖြင့်​​​ သူ​မအား​​​​ ပြူ​တင်း​​​​​​​ပေါက်မှ ပစ်ချခဲ့​​​ခြင်း​​​​ဖြစ်သည်။ အလီသည် ဒူ​ဘိုင်း​​​​တရား​​​​ရုံး​​​​မှ အာမခံဖြင့်​​​ ပြန်လွတ်​​​​နေပြီး​​​​ လက်မထပ်ဘဲ လိင်ဆက်ဆံမှု မပြုလုပ်ခဲ့​​​ပါဟု ငြင်း​​​​ဆိုထား​​​​သည်။ တိုင်တန်း​​​​သူ​ အမျိုး​​​​သမီး​​​​မှာလည်း​​​​ ပြည့်​​​တန်ဆာမှု၊​ လက်မထပ်ဘဲ လိင်ဆက်ဆံမှုများ​​​​ဖြင့်​​​ စွဲချက်တင်ခံထား​​​​ရသည်။

ဟိုတယ်မှ ဝန်ထမ်း​​​​တစ်ဦး​​​​က ၎င်း​​​သည် မှန်ကွဲသံများ​​​​ ကြား​​​​ရပြီး​​​​ အဝတ်ဗလာနှင့်​​​ မိန်း​​​​က​​​​လေး​​​​တစ်ဦး​​​​ကို ​​​​တွေ့​​​မြင်ခဲ့​​​​​​ကြောင်း​​​​ ဆိုသည်။ အလီသည် ကား​​​​ဖြင့်​​​ ထွက်ခွာရန် ပြင်ဆင်ခဲ့​​​​​​သော်လည်း​​​​ ဟိုတယ် လုံခြံု​​​​ရေး​​​​များ​​​​က တား​​​​ဆီး​​​​ခဲ့​​​သည်။ အလီအ​​​​နေနှင့်​​​ ပြစ်မှုထင်ရှား​​​​​​​ကြောင်း​​​​ ​​​​တွေ့​​​ရှိပါက လက်မထပ်ဘဲ လိင်ဆက်ဆံမှု၊​ အရက်မူ​း​​​​ပြီး​​​​ ရမ်း​​​​ကား​​​​မှု၊​ တစ်ဖက်သား​​​​ကို နာကျင်​​​​စေမှုများ​​​​​​​ကြောင့်​​​ ​​​​ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်ခံရဖွယ် ရှိ​​​​နေ​​​​ကြောင်း​​​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here