အ​​​မေရိကန်တွင် အသက် ၁၀ နှစ်အရွယ် မိန်း​​က​​​လေး​​ငယ် ဆွဲကြိုး​​ချသတ်​​​သေ

alt

အ​​​မေရိကန် နိုင်ငံတွင် အသက် ၁၀ နှစ်အရွယ် မိန်း​​က​​​လေး​​ငယ် တစ်ဦး​​သည် မိမိကိုယ်ကိုယ် ဆွဲကြိုး​​ချ သတ်​​​သေသွား​​ခဲ့​​​​ကြောင်း​​ သိရှိရသည်။ မိန်း​​မပျက်ဟု ​​​စော်ကား​​​​ပြောဆိုခြင်း​​ ခံခဲ့​​ရပြီး​​​​နောက် စိတ်ထိခိုက်သွား​​​​သော အက်ရှလင်း​​ ကွန်နာသည် လည်စည်း​​ပဝါဖြင့်​​ မိမိကိုယ်ကိုယ် အဆုံး​​စီရင်ခဲ့​​ခြင်း​​ဖြစ်သည်။

သူ​မသည် ​​​ကျောင်း​​တွင် အ​​​ပေါင်း​​အသင်း​​များ​​၏ ​​​စော်ကား​​​​ပြောဆိုမှုကို ခံခဲ့​​ရပြီး​​​​နောက် မိခင်ဖြစ်သူ​အား​​ ​​​နေအိမ်တွင် ဆရာ​​​ခေါ်ပြီး​​ စာသင်​​​ပေး​​ရန် ​​​တောင်း​​ဆိုခဲ့​​​​သော်လည်း​​ ငြင်း​​ဆန်ခံခဲ့​​ရသည်။ ထို့​​​​နောက်တွင်​​​တော့​​ သူ​မ၏ စိတ်ထိခိုက် မွန်း​​ကျပ်မှုကို ယခုနည်း​​လမ်း​​ဖြင့်​​ ထွက်​​​ပေါက်ရှာသွား​​ခြင်း​​ဟု သိရသည်။ မိခင်ဖြစ်သူ​ စ​​​တေစီကွန်နာက “ကျွန်မရဲ့​​ က​​​လေး​​​​တွေကို စိတ်ဓာတ်ကြံ့​​ခိုင်မယ်လို့​​ ထင်ထား​​ခဲ့​​မိပါတယ်။ ဒါ​​​ပေမဲ့​​ သမီး​​က ပတ်ဝန်း​​ကျင်ရဲ့​​ ရိုက်ခတ်မှုကို မခံစား​​နိုင်ရှာဘူ​း​​”ဟု ဝမ်း​​ပန်း​​တနည်း​​ ​​​ပြောဆိုခဲ့​​သည်။ သူ​မက ​​​ကျောင်း​​တွင် သမီး​​ဖြစ်သူ​အ​​​နေနှင့်​​ နှုတ်ဖြင့်​​ အနိုင်ကျင့်​​မှုများ​​ ခံစား​​​​နေရသည်ကို သိရှိ​​​သော်လည်း​​ ထိုမျှ ဖြစ်လိမ့်​​မည်ဟု မ​​​တွေး​​မိခဲ့​​​​ကြောင်း​​ ဝန်ခံခဲ့​​သည်။

အက်ရှလင်း​​၏ အစ်မဖြစ်သူ​က ဆွဲကြိုး​​ချလျက်သား​​ ​​​သေဆုံး​​​​နေသည့်​​ မိန်း​​က​​​လေး​​၏ အ​​​လောင်း​​ကို ​​​တွေ့​​ရှိခဲ့​​သည်။ ပြီး​​ခဲ့​​သည့်​​ သီတင်း​​ပတ်ကလည်း​​ ဆယ်​​​ကျော်သက် မိန်း​​က​​​လေး​​ အက်ရှ​​​လေ ဘီလက်ဆန်နိုသည် သူ​မကိုယ်ကိုယ် ​​​သေ​​​ကြောင်း​​မကြံမီ Twitter တွင် ၁၄၄ ကြိမ် ​​​သေ​​​ကြောင်း​​ကြံမည့်​​ အစီအစဉ်ကို Post တင်ခဲ့​​​​သေး​​​​သော်လည်း​​ သူ​မ၏ မိတ်​​​ဆွေသူ​ငယ်ချင်း​​ ၅၀၀ ​​​ကျော်တို့​​က လုံး​​ဝ ဂရုမပြုခဲ့​​သည့်​​​​နောက် သူ​မဖာသာ အဆုံး​​စီရင်သွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here