ဒုတိယကမ္ဘာစစ်မှ နာဇီခံတပ်အား​​ ​​နေစွမ်း​​အင်သုံး​​ စက်ရုံအဖြစ် ​​ပြောင်း​​လဲတည်​​ဆောက်မည်

alt

ဒုတိယ ကမ္ဘာစစ် ကာလအတွင်း​​က ဗြိတိသျှ ​​တော်ဝင်​​လေတပ် တိုက်​​လေယာဉ်များ​​၏ ဗုံး​​ကြဲမှုကို ကြံ့​​ကြံ့​​ခံရန် တည်​​ဆောက်ခဲ့​​​သော နာဇီခံတပ်ကြီး​​ တစ်ခုသည် ယခုအခါ ဥ​​ရောပ၏ အကြီး​​မား​​ဆုံး​​ ​​နေစွမ်း​​အင်သုံး​​ စက်ရုံကြီး​​ ဖြစ်လာ​​တော့​​မည်ဟု သိရသည်။ အာဏာရှင် အ​​ဒေါ့​​ဖ်ဟစ်တလာသည် ဂျာမနီရှိ ဟမ်း​​ဘတ်​​ဒေသမှ ဝှီဟီဘက်တွင် အထူ​​ ၁၄ ​​ပေရှိသည့်​​ နံရံကြီး​​များ​​ဖြင့်​​ အခိုင်အမာ ကာရံထား​​​သော ခံတပ်ကြီး​​ကို ​​ဆောက်လုပ်ခဲ့​​သည်။

ယခုအခါတွင်မူ​​ အဆိုပါ ခံတပ်​​နေရာ​​ဟောင်း​​ကြီး​​ကို ပြုပြင်​​ပြောင်း​​လဲမှုများ​​ ပြုလုပ်ပြီး​​ အိမ်​​ခြေ ၃၀၀၀ ကို စွမ်း​​အင်​​ပေး​​နိုင်မည့်​​ ​​နေစွမ်း​​အင်သုံး​​ စက်ရုံတစ်ခုအဖြစ် ​​ပြောင်း​​လဲသွား​​မည်ဖြစ်သည်။ အဆိုပါ စက်ရုံကို ၂၀၁၃ ခုနှစ်တွင် အပြီး​​သတ်မည်ဖြစ်ပြီး​​ စွမ်း​​အင်သုံး​​စွဲမှုမှ ထွက်​​ပေါ်လာသည့်​​ ကာဘွန်ဒိုင်​​အောက်ဆိုက် ဓာတ်​​ငွေ့​​ တန်ချိန် ၆၆၀၀ ကို ​​လျှော့​​ချနိုင်မည်ဖြစ်သည်။ ဟစ်တလာသည် ၁၉၄၀ တွင် မဟာမိတ်တို့​​ ဘာလင်ကို ဗုံး​​စကြဲပြီး​​​နောက် နိုင်ငံအနှံ့​​တွင် ခံတပ်ကြီး​​များ​​ တည်​​ဆောက်ခဲ့​​သည်။ ယင်း​​တို့​​အနက် ၃ ခုသည် ဘာလင်တွင်ရှိပြီး​​ ၂ ခုသည် ဟမ်း​​ဘတ်တွင်ရှိသည်။

ဂျာမန်လက်​​အောက် ကျ​​ရောက်​​နေသည့်​​ ဩစတြီး​​ယား​​နိုင်ငံ၊​ ဗီယင်နာမြို့​​တွင်လည်း​​ ခံတပ် ၃ ခုကို တည်​​ဆောက်ထား​​ခဲ့​​သည်။ ယင်း​​ခံတပ်များ​​သည် အလွန်ထူ​​ထဲ​​သော နံရံများ​​ရှိပြီး​​ ဂျာမန်တပ်များ​​ ခို​​အောင်း​​​နေရန်အပြင် လက်နက်ခဲယမ်း​​များ​​ သိုမှီး​​ရာအဖြစ်ပါ အသုံး​​ဝင်ခဲ့​​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here