သမီး​​​​မိန်း​​​​က​​​​လေး​​​​သာ ​​​​မွေး​​​​ဖွား​​​​​​​ပေး​​​​သည့်​​​ ဇနီး​​​​သည်အား​​​​ ခင်ပွန်း​​​​ဖြစ်သူ​က ဒဏ်​​​​ငွေရိုက်

alt

အိန္ဒိယနိုင်ငံတွင် အမျိုး​​​​သား​​​​ တစ်ဦး​​​​သည် ၎င်း​​​အတွက် သမီး​​​​မိန်း​​​​က​​​​လေး​​​​သာ ​​​​မွေး​​​​ဖွား​​​​​​​ပေး​​​​နိုင်သည့်​​​ ဇနီး​​​​ဖြစ်သူ​အား​​​​ ဒဏ်​​​​ငွေရိုက်ခဲ့​​​​​​ကြောင်း​​​​ သိရှိရသည်။

သမီး​​​​​​​မွေး​​​​လာခြင်း​​​​အ​​​​ပေါ် မ​​​​ကျေမနပ် ဖြစ်​​​​နေသည့်​​​ ဘီဟာ ​​​​ဒေသခံ အမျိုး​​​​သား​​​​က ဇနီး​​​​အား​​​​ ရူ​ပီး​​​​​​​ငွေ ၂၅၀၀၀ ​​​​ပေး​​​​​​​ဆောင်ရန် ​​​​တောင်း​​​​ဆိုခဲ့​​​ရာ ​​​​ဒေသခံ အာဏာပိုင်များ​​​​က ကြား​​​​ဝင်ခဲ့​​​ရသည်။ နာဂစ်ဟု အမည်​​​​ပေး​​​​ထား​​​​​​​သော မိန်း​​​​က​​​​လေး​​​​ငယ်သည် ယခုသီတင်း​​​​ပတ် အ​​​​စောပိုင်း​​​​က ယူ​တာပရာဒက်ရှိ ရွာငယ်တစ်ခုတွင် ​​​​မွေး​​​​ဖွား​​​​ခဲ့​​​သည်။ ထို​​​​နေ့​​​သည် ကမ္ဘာ့​​​လူ​ဦး​​​​​​​ရေ သန်း​​​​ ရ၀၀၀ ပြည့်​​​ အထိမ်း​​​​အမှတ်​​​​နေ့​​​လည်း​​​​ဖြစ်သည်။ သမီး​​​​ငယ် ​​​​မွေး​​​​ဖွား​​​​လာ​​​​သော်လည်း​​​​ မွတ်ဆလင် ဘာသာဝင် ဖခင်ဖြစ်သူ​ မိုဟာမက် မန်ဇူ​အာမှာ အလွန် ​​​​ဒေါသထွက်ခဲ့​​​ပြီး​​​​ သား​​​​မ​​​​မွေး​​​​​​​ပေး​​​​နိုင်သည့်​​​ အသက် ၃၀ အရွယ် ဇနီး​​​​သည် ရှာနက်ဇ်အား​​​​ ဒဏ်​​​​ငွေ​​​​ပေး​​​​​​​ဆောင်ရန် ​​​​တောင်း​​​​ဆိုခဲ့​​​သည်။

ထိုကိစ္စသည် အကျယ်အကျယ် မငြိမ်း​​​​ဖွယ် ဖြစ်လာခဲ့​​​ပြီး​​​​​​​နောက် တာဝန်ရှိသူ​များ​​​​က မိုဟာမက်၏ ​​​​တောင်း​​​​ဆိုမှုကို ဝင်​​​​ရောက် တား​​​​ဆီး​​​​ခဲ့​​​ရသည်။ ထို့​​​​​​နောက် ဇနီး​​​​ဖြစ်သူ​က ခင်ပွန်း​​​​နှင့်​​​ မ​​​​ပေါင်း​​​​လို​​​​ကြောင်း​​​​ ​​​​တောင်း​​​​ဆိုခဲ့​​​​​​သော်လည်း​​​​ ​​​​နောက်ပိုင်း​​​​တွင် ဝင်​​​​ရောက်ညှိနှိုင်း​​​​​​​ပေး​​​​မှုများ​​​​​​​ကြောင့်​​​ ၎င်း​​​တို့​​​နှစ်ဦး​​​​ ပြန်လည် ​​​​ပြေလည်သွား​​​​​​​ကြောင်း​​​​လည်း​​​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here