​​​ဟောလီး​​ဝုဒ်ကို စွန့်​​ခွာ​​​တော့​​ရန် ဘရတ်ပစ်စဉ်း​​စား​​

alt

ရုပ်ရှင်ရိုက်ကွင်း​​များ​​ကို ၃ နှစ်အတွင်း​​ ​​​ကျောခိုင်း​​ရန် စဉ်း​​စား​​​​နေပြီဟု ​​​ဟောလီး​​ဝုဒ်မင်း​​သား​​ ဘရတ်ပစ်က အတည်ပြု ​​​ပြောကြား​​ခဲ့​​သည်။ အသက် ၄၇ နှစ် ရှိ​​​နေပြီဖြစ်​​​သော ပစ်သည် ၎င်း​၏အသက် ၅၀ အရွယ်တွင် ​​​ဟောလီး​​ဝုဒ် ရပ်ဝန်း​​ကို စွန့်​​ခွာရန် ​​​တွေး​​​​တော​​​နေမိ​​​ကြောင်း​​ ဝန်ခံခဲ့​​သည်။

၎င်း​အ​​​နေနှင့်​​ ဖြတ်သန်း​​ခဲ့​​ရသည့်​​ အနုပညာသည် ဘဝအ​​​ပေါ် ​​​ကျေနပ်​​​ပျော်ရွှင်​​​နေ​​​သော်လည်း​​ အသက်အရွယ်အရ အ​​​ပြောင်း​​အလဲ ဖြစ်လာသည့်​​ အရွယ်ကို မျက်​​​ခြေမပြတ်ရန် လိုအပ်​​​ကြောင်း​​ ပစ်ကဆိုသည်။ “အသက်ရလာတဲ့​​ အ​​​ခြေအ​​​နေဟာ လူ​တိုင်း​​မှာ ကြံုရတတ်တဲ့​​ သဘာဝတစ်ခုပါ။ ကျွန်​​​တော့်​​အတွက် ​​​ပြောင်း​​လဲရမယ့်​​ အရာ​​​တွေအတွက် သင့်​​​​တော်တဲ့​​ အချိန်က ​​​ရောက်လာပါပြီ။ ကျွန်​​​တော့်​​အ​​​နေနဲ့​​ ရုပ်ရှင်​​​လောကကို စွန့်​​ခွာသင့်​​ပြီလို့​​ ဆုံး​​ဖြတ်လိုက်ချိန်မှာ ပြတ်ပြတ်သား​​သား​​ ​​​ရွေး​​ချယ်မှာပါ။

ဒါ​​​ပေမဲ့​​ ကျွန်​​​တော် ​​​နောက်ထပ် စိတ်တိုင်း​​ကျ ဇာတ်ကား​​ တစ်ခုနှစ်ခု​​​လောက်​​​တော့​​ ရိုက်ဖြစ်ချင်ပါ​​​သေး​​တယ်”ဟု ပစ်က Sunday Timesသို့​​ ​​​ပြောကြား​​သွား​​သည်။ ပစ်က မိမိသည် ဇာတ်ကား​​ရိုက်ကူ​း​​မှုနှင့်​​ ပတ်သက်ပြီး​​ ​​​ရွေး​​ချယ်စရာများ​​ ရှိ​​​နေပြီး​​ ယင်း​​ကဏ္ဍတွင် အ​​​လေး​​ထား​​ စဉ်း​​စား​​​​နေ​​​ကြောင်း​​လည်း​​ ဖွင့်​​ဟ​​​ပြောဆိုသွား​​ခဲ့​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here