James Bond ဇာတ်လမ်း​​တွင် ​​ရော်ဂျာမိုး​​​ဝတ်ဆင်ခဲ့​​သည့်​​ နာရီအား​​ ​​လေလံတင်​​ရောင်း​​ချ

alt

ဆွစ်ဇာလန်နိုင်ငံ၊​ ဂျနီဗာမြို့​​တွင် ​​အောက်တိုဘာ ၁၅ ရက်​​နေ့​​က တန်ဖိုး​​ကြီး​​ အမှတ်တရ လက်ပတ်နာရီများ​​ ​​ရောင်း​​ချမှုတစ်ခုကို ပြုလုပ်ခဲ့​​ရာ မင်း​​သား​​ကြီး​​ ​​ရော်ဂျာမိုး​​ James Bondဇာတ်လမ်း​​ထဲတွင် ဝတ်ဆင်ခဲ့​​​သော နာရီသည် ဆွစ်ဖရန့်​​​ငွေ ၁၈၀၀၀၀ ​​ကျော်ဖြင့်​​ ​​ရောင်း​​ထွက်ခဲ့​​​ကြောင်း​​ သိရသည်။

Nine-Hourဟု အမည်​​ပေး​​ထား​​​သော ​​လေလံပွဲတွင် နာရီများ​​ ​​ရောင်း​​ချရမှုမှ ဆွစ်ဖရန့်​​​ငွေ ၂၆.၁ သန်း​​ ရရှိခဲ့​​သည်။ Christie​​လေလံဌာနက အဓိက ကြီး​​မှူး​​ တာဝန်ယူခဲ့​​​သော အဆိုပါ ​​လေလံပွဲတွင် အဓိက ​​ဈေး​​အများ​​ဆုံး​​ ရခဲ့​​သည့်​​မှာ ၁၉၆၈ ခုနှစ်က ဆွစ်နာရီပညာရှင် ပါတက်ဖီလစ်ပီ ဖန်တီး​​ခဲ့​​သည့်​​ ပန်း​​​ရောင် နာရီဖြစ်သည်။ အဆိုပါ လက်ပတ်နာရီ​​လေး​​အတွက် ဆွစ်ဖရန့်​​​ငွေ ၂ သန်း​​ ဖြင့်​​ ​​ဈေး​​​ပေး​​ ဝယ်ယူသွား​​ရာ မူလခန့်​​မှန်း​​သည်ထက် ၂ ဆ ပို၍ ​​ဈေး​​ရခဲ့​​ခြင်း​​ဖြစ်သည်။

မိုး​​သည် James Bondဇာတ်ကား​​ Live and Let Dieတွင် လျှို့​​ဝှက်လွှသွား​​နှင့်​​ ကျည်ဆန်လမ်း​​​ကြောင်း​​လွှဲ လျှို့​​ဝှက်ကိရိယာအဖြစ် အသုံး​​ပြုသည့်​​ Rolexနာရီတစ်လုံး​​ကို ပတ်ခဲ့​​ပြီး​​ ထိုနာရီကို ပြန်လည် ​​ရောင်း​​ချခဲ့​​ခြင်း​​ဖြစ်သည်။ နာရီ​​ရောင်း​​ချပွဲသို့​​ နိုင်ငံ​​ပေါင်း​​ ၃၉ ခုမှ ပစ္စည်း​​​ရောင်း​​ချသူ ၂၂၂ ဦး​​က နာရီများ​​ တင်ပို့​​​ပေး​​ခဲ့​​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here