ဂျနီလိုပက်ဇ်မှာ လိင်မှုဆိုင်ရာ ထက်သန်​တက်ကြွ​သူ​ဖြစ်​​ကြောင်း​​ ကက်စပါ စမတ်ဖွင့်​​ဟ

alt

ဂျနီဖာ လိုပက်ဇ်၏ ချစ်သူဖြစ်​​သော ကက်စပါ စမတ်က နာမည်​​ကျော် အဆို​​တော် မင်း​​သမီး​​သည် လိင်မှုဆိုင်ရာတွင် အလွန်ထက်သန် တက်ကြွသူဖြစ်​​ကြောင်း​​ ဖွင့်​​ဟ ​​ပြောကြား​​လိုက်သည်။ အသက် ၂၄ နှစ်ရှိ ကက်စပါက အသက် ၄၂ နှစ်အရွယ် ဂျနီဖာသည် သူမအသက်၏ ထက်ဝက်မျှသာရှိ​​သော မိန်း​​က​​လေး​​ တစ်ဦး​​၏ ​​

ကျော့​​ရှင်း​​​သော ကိုယ်လုံး​​အလှမျိုး​​ကို ပိုင်ဆိုင်ထား​​​ကြောင်း​​လည်း​​ ချီး​​ကျူး​​ခဲ့​​သည်။ လွန်ခဲ့​​သည့်​​ ၆ လက ဂျနီဖာ၏ ကမ္ဘာလှည့်​​ ​​ဖျော်​​ဖြေပွဲ အစီအစဉ်တွင် ကူညီရင်း​​ သိကျွမ်း​​လာပြီး​​​နောက် ဂျနီဖာနှင့်​​ တွဲဖြစ်ခဲ့​​​သော ကက်စပါက ဂျနီဖာ၏ ကိုယ်လုံး​​ကိုယ်​​ပေါက်သည် အသက် ၂၀ အရွယ် မိန်း​​က​​လေး​​ တစ်ဦး​​နှင့်​​ တူသည်ဟု ချီး​​ကျူး​​ခဲ့​​​ကြောင်း​​ ၎င်း​၏ မိတ်​​ဆွေ တစ်ဦး​​က ​​ပြောကြား​​ခဲ့​​သည်။ ထို့​​အပြင် ဂျနီဖာသည် လှပ​​ချော​​မောသ​​လောက် လိင်မှုကိစ္စတွင်လည်း​​ ကက်စပါကို အံ့​​ဩရ​​လောက်​​အောင် ထက်သန်ခုံမင်သူဖြစ်​​ကြောင်း​​ အတွင်း​​လူများ​​က ဆိုသည်။ ကက်စပါ၏ မိတ်​​ဆွေ တစ်ဦး​​က “သူတို့​​ကြား​​မှာ အသက် ၁၈ နှစ် ကွာ​​ပေမယ့်​​ ဒါက အ​​ရေး​​မကြီး​​ပါဘူး​​။ ဂျနီဖာက ကက်စပါကို သိပ်ချစ်သလို ကက်စပါကလည်း​​ ဂျနီဖာနဲ့​​ အတူရှိရတာ အမြဲတမ်း​​ ​​ပျော်​​နေတာပါ။ သူတို့​​နှစ်​​ယောက် အမြဲတမ်း​​ အဆင်​​ပြေ​​နေမယ် ထင်ပါတယ်”ဟု ​​ပြောကြား​​ခဲ့​​သည်။

ဂျနီဖာသည် အသက် ၄၃ နှစ်ရှိ မတ်အန်သိုနီနှင့်​​ ရ နှစ်ကြာ အိမ်​​ထောင်​​ရေး​​ ပြိုကွဲခဲ့​​ပြီး​​​နောက် ကက်စပါနှင့်​​ တွဲ​​နေခဲ့​​ခြင်း​​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here