Google ၏ Digital Music အ​​ရောင်း​​ဝန်​​ဆောင်မှု​စတင်

alt

Google သည် Amazon ၏ Online shop၊​ Apple ၏ iTune တို့​​နှင့်​​အပြိုင် Digital Music အ​​ရောင်း​​ဝန်​​ဆောင်မှု တစ်ခုကို စတင်လာပြီဖြစ်သည်။ Android Market တွင် သီချင်း​​ပုဒ်​​ရေ သန်း​​နှင့်​​ချီပြီး​​ ​​ရွေး​​ချယ်ဝယ်ယူနိုင်​​တော့​​မည်ဟု နိုဝင်ဘာ ၁၆ ရက်​​နေ့​​တွင် Google ၏ ထုတ်လုပ်မှု မန်​​နေဂျာ ​​ပေါလ်ဂျိုက်စ်က ​​ကြေညာခဲ့​​သည်။

​​လော့​​စ်အိန်ဂျယ်လိစ်မြို့​​တွင် ပြုလုပ်​​သော Google ၏ ထုတ်ကုန်သစ် ကွန်ဖရင့်​​တွင် ၎င်း​က Digital Music အ​​ရောင်း​​ဝန်​​ဆောင်မှုသစ်ကို မိတ်ဆက်​​ပေး​​ခဲ့​​ခြင်း​​ဖြစ်သည်။ လက်ရှိတွင် အဆိုပါ ဝန်​​ဆောင်မှုသည် စမ်း​​သပ်အဆင့်​​သာ ရှိ​​သေး​​ပြီး​​ အ​​မေရိကန်တွင် ​​နေထိုင်သူများ​​အတွက် အခမဲ့​​ ဝန်​​ဆောင်​​ပေး​​မည်ဖြစ်သည်။ Digital Music သီချင်း​​များ​​သည် Android Market သို့​​ တိုက်ရိုက်​​ရောက်လာမည်ဖြစ်ပြီး​​ Android OS သုံး​​ စမတ်ဖုန်း​​နှင့်​​ Tablet များ​​မှတစ်ဆင့်​​ လွယ်ကူလျင်မြန်စွာ ရယူနိုင်ရန် စီစဉ်ထား​​​ကြောင်း​​ Google က ဆိုသည်။

အဆိုပါ ဝန်​​ဆောင်မှုသစ်သည် သီချင်း​​များ​​ကို Online မှ တိုက်ရိုက် ​​ရောင်း​​ချသည့်​​ ဝန်​​ဆောင်မှု ​​ပေး​​​နေ​​သော iTune နှင့်​​ Amazon တို့​​အတွက် ကြီး​​မား​​​သော ​​ဈေး​​ကွက်ခြိမ်း​​​ခြောက်မှုတစ်ခု ဖြစ်လာမည်ဟုလည်း​​ ကျွမ်း​​ကျင်သူများ​​က သုံး​​သပ်​​ပြောကြား​​ခဲ့​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here