တရုတ်​​​​မြေ​​​​အောက်ရထား​​​​​​​ပေါ်တွင် သရဲပုံစံဖြင့်​​​ ​​​​နောက်​​​​ပြောင်သည့်​​​ မိန်း​​​​က​​​​လေး​​​​

alt

တရုတ်နိုင်ငံ ​​​​မြေ​​​​အောက်ရထား​​​​ တစ်စင်း​​​​​​​ပေါ်တွင် ​​​​နေ့​​​ခင်း​​​​​​​ကြောင်​​​​တောင် သရဲ​​​​ခြောက်သဖြင့်​​​ လူအများ​​​​ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့​​​ရသည်။ အမျိုး​​​​သမီး​​​​ တစ်ဦး​​​​သည် ရှည်လျား​​​​​​​သော အနီ​​​​ရောင် ဝတ်စုံကို ဝတ်လာကာ ဆံပင်ကို ဖား​​​​လျား​​​​ချလျက် လူကြား​​​​ထဲ ​​​​ခြောက်ခြား​​​​ဖွယ်ရာ အသွင်အပြင်ဖြင့်​​​ ဝင်ထိုင်​​​​နေခဲ့​​​သည်။ သူမသည် အနီ​​​​ရောင် ရှူး​​​​ဖိနပ်များ​​​​ကိုလည်း​​​​ ဝတ်ဆင်ထား​​​​သည်။ ​​​​

ဘေဂျင်း​​​​မြို့​​​အနီး​​​​ ဂျင်​​​​ဆောင်း​​​​ဘူတာတွင် တက်လာသည့်​​​ မိန်း​​​​က​​​​လေး​​​​​​​ကြောင့်​​​ လူအများ​​​​ အလွန်ထိတ်လန့်​​​ကာ ဝိုင်း​​​​ကြည့်​​​​​​နေခဲ့​​​သည်။ သို့​​​​​​သော်လည်း​​​​ ​​​​နောက်ပိုင်း​​​​တွင်မှ ခပ်​​​​နောက်​​​​နောက် မိန်း​​​​က​​​​လေး​​​​က သရဲပုံစံ ဝတ်စား​​​​ဆင်ယင်ကာ တမင်တကာ ရထား​​​​​​​ပေါ် လိုက်လာခြင်း​​​​ဖြစ်မှန်း​​​​ သိရှိမှ ငိုအား​​​​ထက် ရယ်အား​​​​သန်ခဲ့​​​ကြသည်။ အများ​​​​စုက သူမကို ဖုန်း​​​​ကင်မရာများ​​​​ဖြင့်​​​ ဗီဒီယို ဝိုင်း​​​​ရိုက်ကြသည်။ ​​​​နောက်ပိုင်း​​​​တွင် ထိုဗီဒီယိုများ​​​​ အင်တာနက်​​​​ပေါ် ​​​​ရောက်လာသည့်​​​အခါ လူအများ​​​​ သ​​​​ဘောတကျ ကြည့်​​​ရှုခဲ့​​​ကြသည်။ အင်တာနက် သုံး​​​​စွဲသူများ​​​​က အဆိုပါ လုပ်ရပ်သည် Blood Stained Shoes ဇာတ်ကား​​​​ ရိုက်ကူး​​​​ထား​​​​သူများ​​​​၏ စတန့်​​​ထွင်​​​​သော Promotion တစ်ခုဖြစ်နိုင်သည်ဟု ယုံကြည်​​​​နေသည်။

အဆိုပါ ဇာတ်ကား​​​​တွင် ဆံပင်ဖား​​​​လျား​​​​ချကာ အနီ​​​​ရောင် ဝတ်စုံနှင့်​​​ သရဲတ​​​​စ္ဆေ မိန်း​​​​က​​​​လေး​​​​တစ်ဦး​​​​၏ ​​​​ခြောက်လှန့်​​​ပုံကို ရိုက်ကူး​​​​ထား​​​​ပြီး​​​​ မကြာမီ တရုတ်နှင့်​​​ ​​​​ဟောင်​​​​ကောင်တို့​​​တွင် ရုံတင်ပြသရန် စီစဉ်ထား​​​​​​​ကြောင်း​​​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here