မိခင်ဖြစ်သူအား​​​​ ချုပ်ခြယ်လွန်း​​​​သဖြင့်​​​ ဓား​​​​ဖြင့်​​​ထိုး​​​​သတ်သည့်​​​ ဗြိတိန်အမျိုး​​​​သမီး​​​​ ​​​​ထောင်ဒဏ်​တစ်သက်​ချမှတ်​ခံရ

alt

ချုပ်ခြယ်လွန်း​​​​သည့်​​​ မိခင်ဖြစ်သူအား​​​​ ​​​​သေသည်အထိ ဓား​​​​ဖြင့်​​​ထိုး​​​​သတ်ခဲ့​​​​​​သော အမျိုး​​​​သမီး​​​​ကို ဗြိတိန် တရား​​​​ရုံး​​​​က ​​​​ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပြီ ဖြစ်သည်။ အသက် ၃၃ နှစ်ရှိ လီဆာ ထရာဗက်စ်သည် မုဆိုး​​​​မ တစ်ဦး​​​​ဖြစ်​​​​သော အသက် ၆၁ နှစ်အရွယ် မိခင်အား​​​​

၁၂.၅ စင်တီမီတာ အသွား​​​​ရှိသည့်​​​ ဓား​​​​ဖြင့်​​​ အချက်​​​​ပေါင်း​​​​ ၆၀ ​​​​ကျော် ထိုး​​​​ခဲ့​​​ပြီး​​​​​​​နောက် အိမ်တွင်ထား​​​​ခဲ့​​​ကာ သူငယ်ချင်း​​​​တစ်ဦး​​​​နှင့်​​​ စူပါစင်တာ တစ်ခုတွင် သွား​​​​​​​ရောက် ​​​​တွေ့​​​ဆုံခဲ့​​​သည်။ မိခင်ဖြစ်သူ ပရင်စီလာသည် လီဆာနှင့်​​​ အတူ​​​​နေပြီး​​​​​​​နောက် သူမအား​​​​ မည်သည့်​​​​​​နေရာကိုမျှ ​​​​ပေး​​​​မသွား​​​​သလို၊​ မည်သူနှင့်​​​မျှ ​​​​တွေ့​​​ဆုံခွင့်​​​ မပြု​​​​အောင် တား​​​​ဆီး​​​​ပိတ်ပင်ခဲ့​​​သည်။ ပြီး​​​​ခဲ့​​​သည့်​​​နှစ် နိုဝင်ဘာလက လင်ကွန်ရှိုင်း​​​​ယား​​​​တွင် ဖြစ်ပွား​​​​ခဲ့​​​​​​သော လူသတ်မှုမှာ သူမ၏ တစ်ဒင်္ဂ စိတ်လွန်ရူး​​​​သွပ်မှု​​​​ကြောင့်​​​ဟု လီဆာက ဝန်ခံခဲ့​​​သည်။ ယခုအခါ လင်ကွန်း​​​​စီး​​​​တီး​​​​ တရား​​​​သူကြီး​​​​ မိုက်ကယ်ဟိသ်က လီဆာအား​​​​ ​​​​ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပြီး​​​​ တရား​​​​ခံ အ​​​​နေနှင့်​​​ ၁၃ နှစ်အတွင်း​​​​ လွတ်ငြိမ်း​​​​ချမ်း​​​​သာခွင့်​​​အတွက် ​​​​လျှောက်ထား​​​​နိုင်မည် မဟုတ်​​​​ကြောင်း​​​​ ​​​​ပြောကြား​​​​ခဲ့​​​သည်။

မျက်မြင်သက်​​​​သေများ​​​​က လီဆာသည် မိခင်၏ ဖိနှိပ်မှု​​​​ကြောင့်​​​ စိတ်ပိုင်း​​​​ဆိုင်ရာ ဖိစီး​​​​မှုများ​​​​ ရှိခဲ့​​​သည်ဟု ​​​​ပြောကြား​​​​ခဲ့​​​သည်။ လီဆာသည် အ​​​​စောပိုင်း​​​​က မိခင်အား​​​​ သတ်ခဲ့​​​​​​ကြောင်း​​​​ ငြင်း​​​​ဆိုခဲ့​​​​​​သေး​​​​​​​သော်လည်း​​​​ ဇူလိုင်လ ၁၁ ရက်​​​​နေ့​​​ကမူ ထိုအပြစ်ကို ကျူး​​​​လွန်မိ​​​​ကြောင်း​​​​ ဝန်ခံခဲ့​​​ပြီး​​​​​​​နောက် တရား​​​​သူကြီး​​​​က အထက်ပါ စီရင်ချက်ကို ချမှတ်ခဲ့​​​ခြင်း​​​​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here