ရှား​​​ပါး​​​မျိုး​​​စိတ်မိ​​​ကျောင်း​​​အား​​​ ​​​ရေချိုး​​​ခန်း​​​ထဲတွင် ​​​မွေး​​​မြူထား​​​သူကို အီတလီရဲဖမ်း​​​ဆီး​​​

alt

အီတလီနိုင်ငံ၊​ ခရီမိုနာမြို့​​ ရဲတပ်ဖွဲ့​​သည် ရှား​​​ပါး​​​မျိုး​​​စိတ် မိ​​​ကျောင်း​​​တစ်​​​ကောင်ကို ​​​ရေချိုး​​​ခန်း​​​ထဲ ထည့်​​​​မွေး​​​ထား​​​သည့်​​ လူတစ်ဦး​​​အား​​​ ဖမ်း​​​ဆီး​​​ထား​​​လိုက်​​​ကြောင်း​​​ သိရှိရသည်။ ကျူး​​​ဘား​​​မိ​​​ကျောင်း​​​များ​​​သည မျိုး​​​သုဉ်း​​​လုနီး​​​ပါး​​​ အ​​​ခြေအ​​​နေတွင် ရှိ​​​နေပြီး​​​ မိ​​​ကျောင်း​​​မျိုး​​​စိတ် အား​​​လုံး​​​တွင် ရက်စက်ရန်လိုမှု အရှိဆုံး​​​နှင့်​​ ဉာဏ်ရည် အထက်မြက်ဆုံး​​​အဖြစ် သတ်မှတ်ခြင်း​​​ ခံထား​​​ရသည်။

ယခုအခါ မိ​​​ကျောင်း​​​ပိုင်ရှင်ဖြစ်သူ ​​​ဖေဘီယို လာဇီလီသည် ရဲတပ်ဖွဲ့​​၏ ဖမ်း​​​ဆီး​​​ခြင်း​​​ကို ခံခဲ့​​ရပြီး​​​ ​​​ထောင်ဒဏ် ကျခံရဖွယ် ရှိ​​​နေသည်။ ၎င်း​​သည် ၃ နှစ်သား​​​ မိ​​​ကျောင်း​​​ကို အများ​​​မသိ​​​အောင် ဝှက်၍ ​​​မွေး​​​ထား​​​​​သော်လည်း​​​ အိမ်နီး​​​ချင်း​​​တစ်ဦး​​​က ​​​ရေချိုး​​​ကန်ထဲမှ တွား​​​သွား​​​သတ္တဝါကို အမှတ်မထင် ​​​တွေ့​​ရှိသွား​​​ခဲ့​​သည်။ လာဇီလီအ​​​နေနှင့်​​ ပတ်ဝန်း​​​ကျင်ကို အန္တရယယ် ​​​ပေး​​​နိုင်​​​သော တိရစ္ဆာန်အား​​​ ​​​မွေး​​​မြူထား​​​မှုအတွက် ​​​ပေါင်စတာလင် ရ၀၀၀၀ ထိ ဒဏ်တပ်ရိုက်ခံရမည့်​​ အ​​​ခြေအ​​​နေမျိုး​​​လည်း​​​ ကြံု​​​နေရသည်။ လာဇီလီက ၎င်း​​သည် မိ​​​ကျောင်း​​​ကို ဥဘဝကတည်း​​​က စ​​​မွေး​​​ထား​​​ခြင်း​​​ဖြစ်​​​ကြောင်း​​​ ဝန်ခံခဲ့​​သည်။

သား​​​ရိုင်း​​​တိရစ္ဆာန်ဆိုင်ရာ ကျွမ်း​​​ကျင်သူ တစ်ဦး​​​က “ဒီမိ​​​ကျောင်း​​​မျိုး​​​က ဉာဏ်​​​ကောင်း​​​ပြီး​​​ သိပ်ရက်စက်တယ်။ မြန်လည်း​​​မြန်တယ်။ ဒီထက်သာ အ​​​ကောင်ကြီး​​​လာရင် ​​​သေချာ​​​ပေါက် အန္တရာယ် ရှိမှာပဲ”ဟု ​​​ပြောဆိုသွား​​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here