UAE တွင် ကမ္ဘာ့​​​ပထမဆုံး​​​​ စူပါဘတ်စ်ကား​​​​ စတင်​​​​ပြေး​​​​ဆွဲမည်

alt

UAEနိုင်ငံ၊​ ဒူဘိုင်း​​​​မြို့​​​​​​တော်တွင် ကမ္ဘာ့​​​ပထမဆုံး​​​​ စူပါဘတ်စ်ကား​​​​ကို စတင်​​​​ပြေး​​​​ဆွဲ​​​​တော့​​​မည်ဖြစ်သည်။ နယ်သာလန်တွင် ပုံစံထုတ် တီထွင်ဖန်တီး​​​​ခဲ့​​​​​​သော အဆိုပါ ဘတ်စ်ကား​​​​သည် လူ​​​​ပေါင်း​​​​ ၂၃ ဦး​​​​ကို တင်​​​​ဆောင်ကာ တစ်နာရီ မိုင် ၂၅၀ နှုန်း​​​​ဖြင့်​​​ ​​​​မောင်း​​​​နှင်နိုင်သည်။

တစ်စင်း​​​​လျင် ​​​​ပေါင်စတာလင် ရ သန်း​​​​ တန်ဖိုး​​​​ကျသင့်​​​​​​သော ဘတ်စ်ကား​​​​ကို ရှိတ်ခ်​​​​စော်ဘွား​​​​များ​​​​က အသုံး​​​​ပြုမည်ဖြစ်သည်။ အဆင့်​​​မြင့်​​​ နည်း​​​​ပညာသုံး​​​​ ဘတ်စ်ကား​​​​အတွက် ​​​​ဖော်မြူလာဝမ်း​​​​ပြိုင်ကား​​​​ တီထွင်ရာတွင် အ​​​​ခြေခံ​​​​သော စနစ်များ​​​​ကို အသုံး​​​​ပြုထား​​​​သည်။ ယခုကား​​​​ဖြင့်​​​ အဘူဒါဘီနှင့်​​​ ဒူဘိုင်း​​​​ကြား​​​​ မိနစ် ၃၀ အကြာဖြင့်​​​ သွား​​​​​​​ရောက်နိုင်မည်ဖြစ်သည်။ ကား​​​​၏ ကိုယ်ထည်ကို အ​​​​ပေါ့​​​စား​​​​ အလျူမီနီယမ်၊​ ကာဘွန်ဖိုင်ဘာနှင့်​​​ ပိုလီကာဘွန်နိတ် ဒြပ်​​​​ပေါင်း​​​​များ​​​​ အသုံး​​​​ပြု ဖွဲ့​​​စည်း​​​​ထား​​​​သည်။ ဘတ်စ်ကား​​​​သည် ၁၅ ​​​​ပေရှည်ကာ ၂.၅ မီတာ ကျယ်ပြီး​​​​ ၁.၆၅ မီတာမြင့်​​​သည်။ ဘတ်စ်ကား​​​​ထဲတွင် လိုက်ပါလာသူများ​​​​သည် ကိုယ်ပိုင်ဂျက်​​​​လေယာဉ် စီး​​​​​​​နေရသလို ဇိမ်ခံသက်​​​​သောင့်​​​သက်သာ အ​​​​နေအထား​​​​ဖြင့်​​​ ရှိ​​​​နေနိုင်မည်ဖြစ်သည်။ ထို့​​​အပြင် အလွယ်တကူ ဝင်နိုင်ထွက်နိုင်ရန် တစ်ဘက်လျင် တံခါး​​​​ ၈ ​​​​ပေါက်စီ တပ်ဆင်​​​​ပေး​​​​ထား​​​​သည်။

ယခုကဲ့​​​သို့​​​ စူပါဘတ်စ်ကား​​​​များ​​​​ တည်​​​​ဆောက်မည့်​​​ စီမံကိန်း​​​​ကို နယ်သာလန် အစိုး​​​​ရက ​​​​ထောက်ပံ့​​​​​​ပေး​​​​ပြီး​​​​ အ​​​​မေရိကန် ဓာတုပစ္စည်း​​​​ ကုမ္ပဏီ Dowနှင့်​​​ ​​​​ဆော်ဒီကုမ္ပဏီ Sabicတို့​​​က ပူး​​​​တွဲပါဝင်ထား​​​​သည်။ ပထမဆုံး​​​​ တီထွင်ပြီး​​​​စီး​​​​သွား​​​​​​​သော စူပါဘတ်စ်ကား​​​​ကို ဦး​​​​စွာ အမှာစာ​​​​ပေး​​​​ပို့​​​ထား​​​​သည့်​​​ UAE သို့​​​ ဂျမ်ဘိုဂျက်​​​​လေယာဉ်ဖြင့်​​​ သယ်ယူပို့​​​​​​ဆောင်​​​​ပေး​​​​ခဲ့​​​​​​ကြောင်း​​​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here