တရုတ်နိုင်ငံတွင် အမျိုး​​သမီး​​သား​​ဥ ​​ရောင်း​​ချသည့်​​​မှောင်ခို​​ဈေး​​ကွက် ​​ပေါ်​​ပေါက်

alt

တရုတ်နိုင်ငံတွင် ​​ကျောင်း​​သူအရွယ် မိန်း​​က​​လေး​​များ​​က သား​​ဥ​​ရောင်း​​ချသည့်​​ ​​မှောင်ခို​​ဈေး​​ကွက်တစ်ခု ​​ပေါ်​​ပေါက်​​နေ​​ကြောင်း​​ သိရသည်။ အဆိုပါ လှုပ်ရှား​​မှုကို ​​မှောင်ခို ​​အေဂျင်စီများ​​က အဓိက လုပ်​​ဆောင်​​နေပြီး​​ အထူး​​သဖြင့်​​ နာမည်​​ကျော် တက္ကသိုလ်များ​​မှ ဘွဲ့​​ကြို ​​ကျောင်း​​သူ​​လေး​​များ​​ကို ပစ်မှတ်ထား​​​လေ့​​ရှိ​​ကြောင်း​​ သိရသည်။

​​မှောင်ခို ပွဲစား​​များ​​သည် သား​​ဥ တစ်ခုအတွက် ယွမ်​​ငွေ ​​သောင်း​​ဂဏန်း​​မျှထိ ​​ဈေး​​​ပေး​​ ဝယ်ယူ​​လေ့​​ရှိသည်။ ပွဲစား​​များ​​သည် ဝယ်လက်နှင့်​​ မိန်း​​က​​လေး​​များ​​ကို ​​ဘေဂျင်း​​ရှိ ​​ကော်ဖီဆိုင်များ​​တွင် ​​တွေ့​​ဆုံ​​ပေး​​​လေ့​​ရှိပြီး​​ ယင်း​​အ​​ရောင်း​​အဝယ် ကိစ္စတွင် အပြန်အလှန် စကား​​​ပြောခွင့်​​ မ​​ပေး​​​ချေ။ ဝယ်လက်များ​​သည် အများ​​အား​​ဖြင့်​​ စုံတွဲများ​​ ဖြစ်ကြပြီး​​ ​​အေး​​ဂျင့်​​ထံမှတစ်ဆင့်​​ မိန်း​​က​​လေး​​၏ အရပ်အမြင့်​​၊​ ​​သွေး​​အုပ်စုနှင့်​​ ဝါသနာစ​​သော အချက်အလက်များ​​ကို သိရှိရသည်။ အဆိုပါ သား​​ဥများ​​ကို ဖန်ပြွန်သ​​န္ဓေနည်း​​ဖြင့်​​ သုက်ပိုး​​ဖြင့်​​ ​​ရောစပ်​​စေကာ မျိုး​​​အောင်​​စေရန် လုပ်​​ဆောင်နိုင်မည်ဖြစ်သည်။ ထိုလုပ်ငန်း​​အတွက် သာမန် ​​ဆေး​​ရုံများ​​ထက် သီး​​သန့်​​​ဆေး​​ရုံများ​​နှင့်​​ နိုင်ငံခြား​​မှ လာ​​ရောက်အ​​ခြေစိုက်​​သော ​​ဆေး​​ရုံများ​​တွင်သာ ပိုမိုလုပ်​​ဆောင်​​ပေး​​​လေ့​​ ရှိ​​ကြောင်း​​လည်း​​ သိရသည်။

​​ဘေဂျင်း​​တွင် မိန်း​​က​​လေး​​များ​​ မျိုး​​ဥအတွက် ယွမ်​​ငွေ ၄၀၀၀၀ မှ ၈၀၀၀၀ ထိ ​​ဈေး​​​ပေး​​ ဝယ်ယူ​​နေ​​ကြောင်း​​လည်း​​ သတင်း​​များ​​က ​​ဖော်ပြသွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here